ကော်ပိုရေးရှင်းကို သက်ဆိုင်ရာ တိုင်းပြည်ရဲ့ ကော်ပိုရေးရှင်းနဲ့ ပတ်သက်သော ဥပဒေ နည်းဥပဒေတွေအရ ဖွဲ့စည်းပြီးပြီဆိုရင် ဒီကော်ပိုရေးရှင်းရဲ့ အမည်၊ ရည်ရွယ်ချက်၊ ရှယ်ယာ အရေအတွက် ဘယ်လောက်ထိ ထုတ်ခွင့်ပြုတယ်၊ ကော်ပိုရေးရှင်းကို ဖွဲ့စည်းတဲ့လူတစ်ဦးချင်းရဲ့ အမည်၊ ထိုသူများ၏ ဝယ်ယူရန် သဘောတူညီတဲ့ ရှယ်ယာ အရေအတွက် စတာတွေကို charter ဆိုတဲ့ document ထဲမှာ ဖော်ပြထားတယ်။ အဲဒီထဲမှာ ဖော်ပြထားတဲ့ ခွင့်ပြုထားတဲ့ ရှယ်ယာ အရေအတွက်ထက် ပိုထုတ်လို့ မရဘူး။ charter က ကော်ပိုရေးရှင်းဖွဲ့ခွင့်ပြုတဲ့ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပေးတာပါ။ ပြီးရင် ကော်ပိုရေးရှင်းအတွင်းထဲက အရေးကိစ္စတွေကို ကိုယ်တွယ်ဖို့အတွက် ကိုယ့်ဖာသာကို စည်းမျဉ်း လုပ်ထုံးလုပ်နည်းတွေကို ထုတ်ရပါတယ်။
အားလုံးပြီးရင်တော့
ကော်ပိုရေးရှင်းအနေနဲ့ အစုရှယ်ယာတွေကို စတင် ရောင်းချနိုင်ပါပြီ။ ကော်ပိုရေးရှင်းမှာ
အစု stock က တစ်မျိုးတစ်စားဘဲ ရှိတယ်ဆိုရင် အဲဒါက common stock ဘဲ ဖြစ်ပါတယ်။ ရှယ်ယာ
တစ်ခုစီက ယင်းကို ကိုင်ဆောင်ထားသူများကို ပိုင်ဆိုင်မှု အခွင့်အရေးတွေ (ownership
rights) ပေးပါတယ်။ ownership rights တွေကတော့-
၁။ Board of Directors ရွေးချယ်မှုမှာ မဲပေးနိုင်တယ်
၂။ အမြတ်ဝေစု (dividends) ကို ရရှိနိုင်တယ်
၃။ ကော်ပိုရေးရှင်းက အစုရှယ်ယာအသစ်တွေ
ထပ်ထုတ်တဲ့အခါမှာ တူညီတဲ့ ပိုင်ဆိုင်မှု ရာခိုင်နှုန်းကို ထိန်းထားနိုင်တယ်။
အဲဒါကို preemptive right လို့ခေါ်တယ်။
ဆိုလိုတာက အရင်က ရှယ်ယာရှင် တစ်ယောက်က အရင် ပိုင်ဆိုင်မှု ရာခိုင်နှုန်း ၁၄ % ဆိုရင်
ရှယ်ယာအသစ်တွေ ထပ်ထုတ်လဲ သူ့ရဲ့ ပိုင်ဆိုင်မှုက ၁၄ ရာခိုင်နှုန်းဘဲ ဖြစ်တယ်။ လျော့မသွားဘူး
၎။ ကော်ပိုရေးရှင်းကို ဖျက်သိမ်းပြီဆိုရင်
သူတို့ ပိုင်ဆိုင်မှု အချိုးကျအတိုင်း ကုမ္ပဏီရဲ့ Assets ကို အချိုးကျ ခွဲဝေရရှိတယ်။
အဲဒါကို residual claim လို့ခေါ်တယ်။
ဘာလို့လဲ ဆိုတော့ ကော်ပိုရေးရှင်းက၊ ကုမ္ပဏီက အခြားသော ပေးရန်တာဝန် ရှိသည်များကို ပေးပြီးပြီဆိုရင်
ကျန်တာကို ရှယ်ယာရှင်များက ခွဲဝေရရှိလို့ဘဲ ဖြစ်တယ်။
ကော်ပိုရေးရှင်းက
စတော့ရှယ်ယာကို စထုတ်တော့မယ်ဆိုရင် ရောင်းချဖို့အတွက် ရှယ်ယာအရေအတွက် ဘယ်လောက်ကို ထုတ်သင့်
သလဲ၊ ဘယ်လိုထုတ်မှာလဲ၊ ဘယ်လောက်တန်ဘိုးသတ်မှတ်မှာလဲ စတဲ့ မေးခွန်းများကို ဖြေစရာရှိလာပါတယ်။
Authorized Stock
Authorized
Stock ကတော့ charter ထဲမှာ ဖော်ပြထားတဲ့ ခွင့်ပြုထားတဲ့ အရေအတွက်ဘဲ ဖြစ်တယ်။ အကယ်၍
ကုမ္ပဏီက သူ့ရဲ့ authorized stock အားလုံးကို ရောင်းလိုက်တယ်ဆိုရင် သူနောက်ထပ် ရှယ်ယာတွေ
ထပ်ထုတ်ချင်ရင် ထပ်မထုတ်နိုင်ခင်မှာ charter ကို ပြင်ဖို့အတွက် သက်ဆိုင်ရာ ကော်ပိုရေးရှင်းဖွဲ့စည်းခွင့်ပြုသည့်
အဖွဲ့အစည်းထံမှ ခွင့်ပြုချက် ယူရပါမယ်။
Common
stock ထုတ်ဝေမှုနဲ့ ပတ်သက်ပြီး စာရင်းရေးသွင်းချက်မလိုပါ။ ဘာလို့လဲ ဆိုတော့ ရှယ်ယာထုတ်ခွင့်ပြုတာ၊
ထုတ်တာတွေ ဟာ ကော်ပိုရေးရှင်းရဲ့ assets (ရပိုင်ခွင့်) နဲ့ stockholders’ equity (အစုရှယ်ယာပိုင်ရှင်များ၏
ပိုင်ဆိုင်မှု) အပေါ်မှာ အကျိုး သက်ရောက်မှု မရှိလို့ဘဲ ဖြစ်ပါတယ်။ သို့သော် ကော်ပိုရေးရှင်းကတော့
သူ့ရဲ့ လက်ကျန်ရှင်းတမ်း (Balance Sheet) ရှိ stockholders’ equity section မှာ
authorized shares အရေအတွက်ကို ဖော်ပြရမှာ ဖြစ်ပါတယ်။
Issuance of Stock
ကော်ပိုရေးရှင်းက
ရင်းနှီးမြှုပ်နှံလိုသူများသို့ common stock ကို တိုက်ရိုက် ရောင်းချနိုင်တယ်။ သို့မဟုတ်
Investment banking firm မှတစ်ဆင့်လည်း ရောင်းချနိုင်တယ်။ အသစ်ထုတ်တဲ့ stock တွေကို
ပြည်သူများထံသို့ securities exchange များမှာ ရောင်းချကြ ပါတယ်။
Par and No-Par Value Stocks
Par value stock ဆိုတာကတော့
corporate charter ထဲမှာ ရှယ်ယာတစ်ခုကို တန်ဘိုးဘယ်လောက်ဆိုပြီး သတ်မှတ်ထားတဲ့
stock ဘဲ ဖြစ်တယ်။ ယခင်ကတော့ ကော်ပိုရေးရှင်းရဲ့ မြီရှင်များကို ပေးချေနိုင်ဖို့အတွက်
ဒီ par value ကို legal capital အဖြစ် သတ်မှတ် ထားတယ်။ အဲဒီပမာဏကို ရှယ်ယာရှင်များက
ထုတ်ယူခွင့် မရှိဘူး။ နားလည်အောင် ပြောရရင် ကုမွှဏီက ရှယ်ယာတစ်ခုကို par value $1 နဲ့
ရှယ်ယာ တစ်သိန်း ရောင်းထားတယ် ဆိုရင် ဒေါ်လာတစ်သိန်းကို legal capital အဖြစ် သတ်မှတ်ထားတယ်။
ဖယ်ထားတယ်။ ဒါကြောင့် ဟိုတုံးကတော့ ကော်ပိုရေးရှင်းတွေဟာ သူ့ရဲ့ ရှယ်ယာများကို par
သို့မဟုတ် par ရဲ့ အထက် တန်ဘိုးနဲ့ ရောင်းချကြတယ်။
သို့သော်
par value သည် securities market ထဲမှာ ရောင်းတဲ့ ကုမ္ပဏီရဲ့ stock တန်ဘိုးနဲ့ ယှဉ်လိုက်ရင်
အရမ်းနည်းလွန်းတဲ့အတွက် မြီရှင် ကြွေးရှင်များရဲ့ အကြွေးပြန်ဆပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဟာ
အသုံးမဝင်လှတော့ပါဘူး။ အားလုံးနားလည်အောင် ပြောရရင် par value ဆိုတာ ကော်ပိုရေးရှင်းက
ထုတ်တဲ့ ဈေး၊ market ထဲက ဈေးက ပိုများတယ်။ အဆတော်တော်ပိုများပါတယ်။ ဥပမာအားဖြင့်-
ရှယ်ယာတစ်ခုကို
par value က $0.01 ဆိုရင် market value က ရှယ်ယာတစ်ခုကို $35 နဲ့ ရောင်းတယ်။ ဒါကြောင့်
ဒီနေ့မှာ မြီရှင်တွေကို အကြွေးပြန်ဆပ်နိုင်ဖို့အတွက် အခြားသောနည်းလမ်းများကိုဘဲ သုံးကြတော့တယ်။
No-par
value stock ဆိုတာကတော့ ကော်ပိုရိတ် charter ထဲမှာ တန်ဘိုးသတ်မှတ်မထားတဲ့ stock ဖြစ်တယ်။
ဒီနေ့ခေတ်မှာတော့ No-par value stock က တော်တော်ကြီး common ဖြစ်ပါတယ်။ ဥပမာအားဖြင့်
no-par value stock တွေကို Board of Directors တွေက stated value သတ်မှတ်ပါတယ်။
Common
stock အတွက် စာရင်းသွင်းတာတွေကို ကျော်လိုက်မယ်။ Preferred Stock အကြောင်း နည်းနည်းပြောမယ်။
Preferred Stock
ရင်းနှီးမြှုပ်နှံတဲ့သူတွေကို
ဆွဲဆောင်တဲ့အနေနဲ့ နောက်ထပ် stock အတန်းအစားတစ်မျိုး ထပ်ထုတ်နိုင်တယ်။ Preferred
stock လို့ခေါ်တယ်။ သူက တချို့နေရာတွေမှာ common stock ထက်ပိုပြီး ဦးစားပေး အခြေအနေတွေ
ရှိတယ်။ Preferred stock ကို ကိုင်ထားတဲ့သူတွေက (၁) အမြတ်ဝေစုခွဲတဲ့အခါမှာ (၂) ကုမ္ပဏီဖျက်သိမ်းလို့
assets တွေကို ခွဲဝေတဲ့အခါမှာ ဦးစားပေးနေရာမှာ ရှိတယ်။ သို့သော် သူတို့မှာ မဲပေးနိုင်တဲ့ အခွင့်အရေး၊ နဲ့
အထက်မှာ ပြောခဲ့တဲ့ preemptive right ကိုတော့ မခံစားရပါဘူး။ Preferred stock ကတော့
par value က အများကြီး ပိုများပါတယ်။
အမြတ်ဝေစုခွဲပြီဆိုရင်
common stockholders တွေကို မပေးခင်မှာ preferred stockholders တွေကို အရင်ပေးပါတယ်။
အကျန်ကိုမှ common share ပိုင်ရှင်တွေက ရပါတယ်။ ဥပမာအားဖြင့် preferred stock ပေါ်မှာ
dividend rate က ရှယ်ယာတစ်ခုကို $5 သတ်မှတ်ရင် preferred shareholder တွေအတွက် အမြတ်ကိုတွက်၊
ထုတ်ပေးပြီးမှ common shareholder တွေက ရတာပါ။ preferred stock ရဲ့ par value ရဲ့ ရာခိုင်နှုန်းတစ်ခုအနေနဲ့လဲ
အမြတ်ဝေစုကို သတ်မှတ်ပါတယ်။ ဥပမာ preferred stock ရဲ့ par value က $100 ဖြစ်မယ်။
dividend က par value ရဲ့ 7% သတ်မှတ်တယ်။ preferred share အရေအတွက်က 5,000 ရှိရင်
-
$100
x 7% = $7
$7
x 5,000 shares = $35,000 for preferred dividend
BOD
က ဒီနှစ်အတွက် အမြတ်ဝေစု စုစုပေါင်း $50,000 ကို ခွဲဝေပေးမယ်လို့ ကြေညာထားရင်
preferred stockholder တွေအတွက် $35,000 ကိုအရင် ပေးပြီးမှ အကျန် $15,000 ကို
common stockholder တွေကို ပေးပါတယ်။
Liquidation
လုပ်ပြီဆိုရင်လဲ preferred stock ကိုင်ထားသူများက ကုမ္ပဏီရဲ့ assets တွေကို common
stock ပိုင်ရှင်တွေကို မခွဲပေး သေးခင် အရင်ရပါတယ်။
သို့သော်
ကော်ပိုရေးရှင်းတစ်ခုရဲ့ ပိုင်ရှင်များကတော့ common shareholder များကသာ ပဓာနအဓိက ဖြစ်ပါတယ်။
Preferred stock က ပမာဏ နည်းနည်းလေးသာ ရှိပါတယ်။
Kimmel, Weygandt, နှင့် Kieso တို့ ရေးသားသော Accounting, Tools for Business Decision Making မှ ဘာသာပြန် ဆိုပါသည်။
ဖြူ ဖြူ
No comments:
Post a Comment