ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Tuesday, February 25, 2014

ကာလရှည်ပေးရန်တာဝန် Long-Term Notes Payable


ငွေချေးစာချုပ်တွေ အမျိုးမျိုးရှိတဲ့အနက် ထင်ရှားတဲ့ Notes Payable အကြောင်းရေးမလို့ပါ။ Notes Payable မှာ ကာလတို နဲ့ ကာလရှည် ဆိုပြီး ရှိပါတယ်။ Short-term Notes Payable ကတော့ တစ်နှစ်အတွင်း သို့မဟုတ် လုပ်ငန်းလည်ပတ်မှုကာလ ၂ ခုအနက် ပိုရှည်တဲ့ ကာလ အတွင်း အကြွေး ကို ပေးဆပ်တယ်ဆိုရင် ကာလတိုဖြစ်ပါတယ်။ Long-term Notes Payable ကတော့ Bonds နဲ့ ဘာတူ သလဲ ဆိုရင် ပုံသေ သတ်မှတ်ထားတဲ့ သက်တမ်းစေ့ရက်စွဲရယ်၊ နောက် စာချုပ်ပေါ်မှာ ဖော်ပြထားတဲ့ အတိုးနှုန်းရယ် ပါတာတွေ တူပါတယ်။ သို့သော်လည်း Notes ကတော့ Bonds လိုမျိုး securities တွေ အရောင်းအဝယ်လုပ်တဲ့ ဈေးကွက်မှာတော့ အရောင်းအဝယ်မလုပ်ပါဘူး။ သူ့အတွက် ready market မရှိဘူးပေါ့နော်။ ကော်ပိုရေးရှင်းကြီးတွေက ကာလရှည် notes နဲ့ bonds တွေကို ထုတ်ကြပါတယ်။ notes နဲ့ bonds အတွက် စာရင်း သွင်းပုံခြင်းကလဲ တူတူပါဘဲ။ bond ကဲ့သို့ဘဲ note ကိုလဲ သူ့ရဲ့ အနာဂတ် အတိုး နဲ့ အရင်း cash flows ရဲ့ လက်ရှိကာလ တန်ဘိုးနဲ့ တန်ဘိုး   ဖြတ်ပါတယ်။ ကုမ္ပဏီက note ရဲ့ သက်တမ်းတစ်လျှောက် discount သို့မဟုတ် premium ကို ဖြန့်ပြီး ခွဲဝေပါတယ်။



Face Value နဲ့ ထုတ်တဲ့ Notes


Bond တုံးကလိုပါဘဲ။ face value နဲ့ထုတ်ရင် Notes ပေါ်မှာ ဖော်ပြထားတဲ့ stated rate နဲ့ ဈေးကွက်ထဲက effective rate က တူတယ်။ ဒါဆိုရင် note ရဲ့ လက်ရှိတန်ဘိုး present value ဟာ note သက်တမ်းစေ့ ရင် ပြန်ပေးရမဲ့ note ပေါ်မှာ ဖော်ပြထားတဲ့ face value နဲ့ တူတယ်။ ဥပမာအားဖြင့် "AA" ကုမ္ပဏီက $10,000 တန် note ကို ထုတ်တယ်ဆိုပါတော့။ တနည်းအားဖြင့် ဘဏ်ကို အဲဒီ note ကိုပေး လိုက်ပြီး ဘဏ်ကနေ $10,000 ချေးတာပေါ့နော်။ note ပေါ်က အတိုး ၁၀% နဲ့   ဈေးကွက်ထဲက အတိုး ၁၀% တူနေလို့ face value အတိုင်းဘဲ ကုမ္ပဏီက ရတာ။ ကုမ္ပဏီက ဘယ်လိုစာရင်းသွင်းသလဲဆိုရင် -


နှစ်ကုန်လို့ အတိုးပေးတဲ့ အခါမှာလဲ Interest Expense  မှာ  Debit $1,000  နဲ့ Cash မှာ $1,000  စာရင်းသွင်း ပါတယ်။  ဒါက အခြေခံပါ။ တကယ်တမ်းမှာ stated rate နဲ့ ဈေးကွက်ထဲက effective rate တို့ တူတယ်မရှိပါဘူး။ ဒါကြောင့်လဲ Notes ကို ထုတ်တဲ့ အခါမှာ face value နဲ့ ထုတ်လေ့မရှိပါဘူး။ bond တုံးကလိုဘဲ stated rate က effective rate ထက်များရင် premium နဲ့ ထုတ်ပြီး နည်းနေရင်တော့ discount နဲ့ ထုတ်ပါတယ်။ face value နဲ့ မထုတ်တဲ့ notes များထဲကမှ Zero-Interest Bearing Notes ကို ရှင်းလင်းပါမယ်။

Zero-Interest Bearing Notes


Zero Interest ဆိုတဲ့ အမည် အတိုင်းဘဲ Interest မရှိပါဘူး။ non-interest bearing note လို့လဲ   ခေါ်ပါတယ်။ ထုတ်တဲ့အခါမှာ ကုမ္ပဏီက ငွေသားလိုအပ်လို့ ထုတ်တာဆိုရင် notes ရဲ့ present value လက်ရှိတန်ဘိုးကို ရလာတဲ့ ငွေသားနဲ့ တိုင်းတာပါတယ်။ interest rate မပါတဲ့အတွက် notes ရဲ့ present value ကို implicit rate နဲ့ တွက်ပါတယ်။ implicit rate ဆိုတာကတော့ ကုမ္ပဏီက အခုရလာတဲ့   ငွေနဲ့ အနာဂတ်မှာ ပြန်ပေးရမဲ့ ငွေပမာဏတို့ကို ညီမျှစေတဲ့ rate ဘဲ ဖြစ်ပါတယ်။ notes ကို ထုတ်တဲ့ ကုမ္ပဏီက စာချုပ်ပေါ်မှာပါတဲ့ face value တနည်းအားဖြင့် စာချုပ်ရက်စေ့တဲ့ အနာဂတ်မှာ ပြန်ပေးရမဲ့   ငွေပမာဏနဲ့ အခုကိုယ်ရလိုက်တဲ့ငွေ present value ကြားက   ခြားနား ချက်ကို discount အဖြစ် မှတ်တမ်း တင်ပြီး notes ရဲ့ကာလတစ်လျှောက် Interest Expense ထဲကို ဖြန့်ပြီး ခွဲဝေ amortize လုပ်ပါတယ်။

တစ်ခု သတိပြုရမှာက zero-interest bearing note မှာ face value ထက် လျှော့ရတာချည်းပါဘဲ။ ငွေရဲ့ တန်ဘိုးဆိုတာက အခုကာလ တန်ဘိုးနဲ့ အနာဂတ်ကာလ တန်ဘိုး ဘယ်တော့မှ မတူပါဘူး။ ယေဘေုယျ အားဖြင့်ကတော့ ငွေတန်ဘိုးဆိုတာ အမြဲကျနေတာပါဘဲ။ အခု   ငွေ ၁,၀၀၀ နဲ့   နောက်တစ်နှစ်နေပြီး   ငွေ ၁,၀၀၀ မတူတော့ဘူးလေ။ အတိုးမရှိတဲ့ note ဖြစ်တဲ့အတွက် face value နဲ့ present value ကြားက   ခြားနားချက်ကို အတိုးစရိတ်အဖြစ်နဲ့ note သက်တမ်းတစ်လျှောက် ဖြန့်ပြီးခွဲဝေ လိုက်တာပါ။ ခွဲဝေတဲ့ နည်းလမ်း ကတော့ effective-interest method ဖြစ်ပါတယ်။

ဥပမာနှင့်တကွ ရှင်းလင်းပြပါမယ်။ AA company က $10,000 ၊ ၃ နှစ် ၊ zero-interest bearing note ကို BB company သို့ ထုတ်ပါ  တယ်။ AA Co: က BB Co: ဆီက note ထုတ်ပြီး ငွေချေးတာပေါ့။ AA က ၃နှစ် သက်တမ်းစေ့ရင် BB ကိုပေးရမဲ့ စုစုပေါင်း ငွေပမာဏ $10,000 ရဲ့ present value ကို ရှာဖို့အတွက် implicit rate က 9% လို့ ယူဆမယ်။ period က ၃ နှစ်၊ rate က 9% ၊ Time value table 2 Present Value of a Single Sum မှာ ရှာလိုက်တဲ့အခါ  9% မှာရှိတဲ့ ၃ ကာလအတွက် $1 ရဲ့ present value ကတော့ $0.77218 ဖြစ်ပါတယ်။ ဒါကြောင့် $10,000 အတွက် present value ကတော့ $7,721.80 ဖြစ်ပါတယ်။ တနည်းလှည့်ပြောရင် AA က ၃နှစ် သက်တမ်းစေ့ရင် BB ကိုပေးရမဲ့ စုစုပေါင်း ငွေပမာဏ $10,000 နဲ့  အဲဒီ $10,000 ရဲ့ present value ဖြစ်တဲ့အခု note ထုတ်လိုက် တဲ့နေ့မှာ ရတဲ့ ငွေပမာဏ $7,721.80 ကို ညီမျှစေတဲ့ implicit rate ကတော့ 9% ဘဲ ဖြစ်ပါတယ်။

AA Co: က note ထုတ်ပြီး ငွေချေးတာကို အောက်ပါအတိုင်း မှတ်တမ်းတင်ပါတယ်။

  Discount on Notes Payable မှာ သွင်းထားတဲ့ $2,278.20 က ၃ နှစ်စာအတွက် နှစ်စဉ် ဖြန့်ပြီး ခွဲဝေ ရမဲ့ discount ပမာဏဘဲ   ဖြစ်ပါ  တယ်။ interest expense ထဲကို ခွဲဝေမှာပါ။ ခွဲဝေတဲ့နည်းက straight line method ဖြစ်တယ်ဆိုရင် ၃ နဲ့စားပြီး နှစ်စဉ် အညီအမျှ ခွဲဝေရ  မှာပါ။ သို့သော်လည်း effective-interest method ကို သုံးတာဖြစ်လို့ discount amortization and interest expense schedule   ပြုလုပ်ပြီး တွက်ပါမယ်။

AA Co: က ရတဲ့ငွေ $7,721.80 ကို Note ရဲ့ carrying amount မှာ တည်ထားပါတယ်။ ပြီးရင် အဲဒီ amount ကို implicit rate 9% နဲ့ မြှောက်တဲ့အခါ interest expense ကို ရပါတယ်။ interest expense က AA Co: ကပေးရတဲ့  ငွေသားအတိုးမဟုတ်ပါဘူး။ zero interest note ဖြစ်လို့ အတိုးကို ငွေသားနဲ့ မပေးရတဲ့ အတွက် Cash paid column အောက်မှာ သုညတွေ ဖြစ်ပါတယ်။ ကိုယ်က $10,000 အပြည့်မရဘဲ လျှော့ ရတဲ့အတွက် လျှော့ပေးလိုက်ရတဲ့ငွေကို interest expense ထဲမှာ ၃ နှစ်စာဖြန့်ပြီး recognize လုပ်ရတာပါ။ 

Present Value of Notes Payable = Present Value of Face Amount + Present Value of Cash Interest Payments
                                            = $7,721.80 + $0
                                            = $7,721.80

Interest Expense = Present Value of Note at the beginning of the period x Effective Interest Rate for the period
                             = $7,721.80 x 9%
                             = $694.96
Amortization of Discount on Note = Interest Expense - Cash Interest Paid
                                                = $694.96 - $0
                                                = $694.96
Carrying Amount of Note at the end of Year 2 = Carrying Amount of Note at Year 1 + Discount Amortized
                                                               = $7,721.80 + $694.96
                                                               = $8,416.76
Amortization Schedule ထဲက တွက်ချက်မှုများကို ရှင်းပြထားတာဖြစ်ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် အဲဒီ အတိုင်း တွက်သွားရပါတယ်။ တစ်နှစ်ကုန်ရင် တစ်ခါ journal entry သွင်းပါတယ်။
ပထမနှစ် ကုန်ဆုံးတဲ့အခါ AA Co: က သွင်းမဲ့ journal entry ကို ကြည့်ပါ။

ဒုတိယနှစ်ကုန်ဆုံးတဲ့အခါ သွင်းမဲ့ journal entry ကိုကြည့်ပါ။


တတိယနှစ် ကုန်တဲ့အခါမှာ discount amortized ရော၊ ချေးထားတဲ့ငွေကို ပြန်ပေးတာရော ၂ မျိုးစလုံးကို စာရင်းသွင်းပါမယ်။

Journal Entry များမှ Interest Expense က သက်ဆိုင်ရာနှစ်အလိုက် Income Statement များကို သွား ပါတယ်။ Discount on Notes Payable နဲ့ Carrying Amount က Balance Sheet ကို သွားပါတယ်။ စုစုပေါင်း discount ပမာဏ $2,278.20 သည်  AA ကုမ္ပဏီက ၃ နှစ်ကာလတစ်လျှောက်မှာ note ပေါ်မှာ ကျခံရတဲ့ စရိတ်ဘဲ ဖြစ်ပါတယ်။

Time Value Table များကို Attach လုပ်ပေးထားပါတယ်။


Interest-Bearing Notes အကြောင်းကို နောက်ဆောင်းပါးမှာ ရေးပါမယ်။

Kieso, Weygandt, နှင့် Warfield တို့ရေးသားသော Intermediate Accounting  14th edition ကို မှီငြမ်း ဘာသာပြန်ဆိုပါသည်။

ဖြူ ဖြူ



5 comments:

  1. Enhance my knowledge by reading this article.

    ReplyDelete
  2. စာထဲမှာပဲ သင်ဖူးသေးတယ်မမ။ လက်တွေ့တော့ transaction မသွင်းဖူးသေးဘူး

    ReplyDelete
    Replies
    1. တူတူပါဘဲ ညီမရေ .. ညီမလေး သိချင်တဲ့ topic က ဘာလဲ မသိဘူးနော် ..

      Delete
  3. This comment has been removed by a blog administrator.

    ReplyDelete