ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Tuesday, January 21, 2014

လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုအကြောင်းသိကောင်းစရာများ

Economics နဲ့ Accounting ဆိုင်ရာ ဆောင်းပါးလေးတွေ မတင်နိုင်သေးခင် အခြား ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးကို တင်ပေးထားတာပါ .. ကိုယ်တိုင်ရေးထားတာ မဟုတ်ပါ။




 လျှပ်စစ်ဓာတ်အားကို နိုင်ငံတကာတွင် သုံးစွဲနေကြပြီး နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုတွင် လျှပ်စစ်ဓာတ်အားသည် အရေးကြီးသော ကဏ္ဍ အဖြစ်ပါဝင်  ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် ၄င်းတို့ နိုင်ငံ၏ သယံဇာတအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို  ခြိုးခြံချွေတာပြီး အခြားသော ပြည့်ဖြိုး စွမ်းအင် (Renewable  Energy)   ဖြစ်သည့်   နေရောင်ခြည်နှင့်   လေတိုက်   နှုန်းတို့မှ လျှပ်စစ် ထုတ်လုပ်ခြင်း၊ စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်ထုတ်လုပ်ခြင်း (Waste to Energy) စသည့် လျှပ်စစ် ထုတ်လုပ်မှု နည်းလမ်းများကို စူးစမ်းလေ့လာဆောင်ရွက်နေကြပြီဖြစ်ပါသည်။ 



မြန်မာနိုင်ငံအနေအားဖြင့် သယံဇာတအရင်းအမြစ်များစွာရှိနေသေးသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အခက်အခဲ မရှိသေးကြောင်း   တွေ့ရှိရပါသည်။ ထိုသို့ လျှပ်စစ်ဓာတ်အားများကို ရေအားဖြင့် လည်းကောင်း၊ သဘာဝဓာတ်ငွေ့၊   ရေနွေးငွေ့   နှင့် အပူစွမ်းအင် သုံးသော နည်းများဖြင့် လည်းကောင်း ထုတ်လုပ်  ပြီး၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လက်ဝယ်   ရောက်ရှိ   အောင်  ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းများ ဆက်လက် ဆောင်ရွက်ရပါသည်။ ဤကဲ့သို့   ဆောင်ရွက်ရာတွင် ဗို့အားပြည့်ဝသော၊ လျှပ်စစ် ဓာတ်အား  ပြတ်တောက်ခြင်းမရှိသော အခြေ အနေသို့ရောက်ရှိမှသာ မီးသုံးစွဲသူများ၏ စိတ်ချမ်းမြေ့မှု၊  ကျေနပ်မှု ရရှိ မည်ဖြစ်ပါသည်။

 ဤသို့ဖြစ်စေရန် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နေရုံဖြင့်မပြီးဘဲ သုံးစွဲသူ၏လက်ဝယ်သို့ ပြည့်ပြည့်ဝဝ ရောက်ရှိရန်မှာ အထူး အရေး ကြီးပါသည်။ လျှပ်စစ်  ဓာတ်အား  ထုတ်လုပ်သည့် Infrastructure (အခြေခံအဆောက်အအုံ) ကိုသာ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း စသည့် အခြေခံ အဆောက်အအုံများကို ကောင်းမွန်စွာ မတည်ဆောက်ခဲ့ပါက စိတ်ချ ယုံကြည်ရသော Riliable Power လျှပ်စစ်ဓာတ်အားကို သုံးစွဲသူများလက်ဝယ် ရောက်ရှိ  လိမ့်မည် မဟုတ်ကြောင်း သိရှိသင့်ပါ သည်။  အခြေခံအဆောက်အအုံ အပိုင်းပါလာပြီဖြစ်၍ ငွေရေးကြေးရေးကဏ္ဍလည်း ပါလာပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ငွေရေးကြေးရေးမတောင့်တင်းသဖြင့် အဆိုပါကဏ္ဍများ တည်ဆောက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ (IMF)၊ ကမ္ဘာ့ဘဏ် (World Bank) စသည့် အဖွဲ့များ၏ အကူအညီ များတောင်းခံပြီးမှသာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ   ငွေကြေးမရှိဘဲ ဘာမှဖြစ်မလာနိုင်ဟု ဆိုလိုခြင်း    ဖြစ်ပါသည်။

Power Outage ၊ Power Losses များ၏ အကြောင်းအရင်းသည် ငွေကြေးမပြည့်စုံခြင်း ကြောင့်ဖြစ်ပြီး၊ မည့်သည့်အချိန်တွင် မည်သို့ဖြစ် လာမည်ကို ကြိုတင်   မျှော်တွေးနိုင်ပါလျက် ငွေကြေးမပြည့်စုံ မှုကြောင့် ဘာမှမလုပ်နိုင်ဘဲ တတ်စွမ်းမှုရှိသလောက် ဖာထေးပြုပြင်နေရသော အခြေအနေတွင်သာ ရှိပါသည်။ သို့ဖြစ်     သောကြောင့် Power Outage ၊ Power Losses များဖြစ်ပေါ် ခဲ့ခြင်းဖြစ်ပါသည်။

မိမိအိမ်ရှိ မီးခလုတ်၊ ရုံးနှင့် စက်ရုံများရှိ မီးခလုတ်များဖွင့်၍ အလင်းရောင် ရရှိမှသာ၊ စက်များလည်မှသာ လျှပ်စစ် ဓာတ်အားရရှိ သည်ဟု ပြော၍ရမည် ဖြစ်ပါသည်။ အဆိုပါ အခြေအနေ ရောက်ရှိရန် အဆင့်များစွာရှိပါသည်။ သို့ဖြစ်၍ အဆင့်တိုင်းတွင် လျှပ်စစ်ဓာတ်အား   ပျောက်ဆုံးမှု ရှိနေသည်ဖြစ်၍ စနစ်ကောင်းမွန်မှု၊ သုံးစွဲ   ထားသော ပစ္စည်းများ ကောင်းမွန်မှု ရှိမှသာ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု  ရာခိုင်နှုန်း နည်းပါးမည်ဖြစ်ပါသည်။ စနစ်နှင့်ပစ္စည်းမကောင်းပါကပျောက်ဆုံးမှု     ရာခိုင်နှုန်း များမည်ဖြစ် ပါသည်။ ထုတ်လုပ်မှုအပိုင်း၊ ပို့လွှတ်မှုအပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းတို့တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု ပုံစံ နှစ်မျိုးရှိပါသည်-

                 (က) နည်းပညာပိုင်းဆိုင်ရာ ပျောက်ဆုံးမှု (Technical Losses)
                 (ခ) နည်းပညာဆိုင်ရာမဟုတ်သော ပျောက်ဆုံးမှု (Non Technical Losses)

 နည်းပညာပိုင်းဆိုင်ရာ ပျောက်ဆုံးမှုအတွက် ငွေကြေးအကုန်အကျခံပြီး စနစ်များ ပြုပြင်ခြင်း၊ သုံးစွဲသော ပစ္စည်းများလဲလှယ်ခြင်း၊ အစားထိုးခြင်း စသည်တို့    ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နည်းပညာဆိုင်ရာမဟုတ်သော ပျောက်ဆုံးမှုအတွက် စနစ်များ ပြောင်းလဲခြင်းဖြင့် လည်းကောင်း ဆောင်ရွက်၍ လျော့ကျအောင်    ဆောင်ရွက်နိုင်ပါသည်။

တိတိကျကျ ပြောရမည် ဆိုပါလျှင် ရန်ကုန်မြို့ရှိ ခရိုင် (၄)ခရိုင်အနက် တောင်ပိုင်းခရိုင်တွင် ၂၀၁၂ ခုနှစ်၊   အောက်တိုဘာလ   ပျောက်ဆုံးမှု ရာခိုင်နှုန်း (၃၈.၃၅)% ရှိနေရာမှ သံလျင်၊ ခရမ်း၊ သုံးခွ စသည့် မြို့နယ်များတွင် OMR (Offsite Meter Reading) စနစ် Digital Meter များ အစားထိုးလဲလှယ်ခဲ့ရာ ၂၀၁၃ ခုနှစ်၊ ဧပြီလမှ  စ၍ ပျောက်ဆုံးမှုရာခိုင်နှုန်း (၂၃.၃၄)% ထိ ကျဆင်းသွား   ကြောင်း တွေ့ရှိရပါသည်။ ထိုသို့ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့ကျ   စေရန်အတွက် OMR  စနစ် Digital Meter ပေါင်း (၂၁,၅၀၈) နှင့် ကုန်ကျစရိတ် (ကျပ် ၁,၉၇၆,၅၃၀,၄၄၀) ကုန်ကျခံခဲ့ရပါသည်။ ထို့ကဲ့သို့ Digital Meter များနှင့် လဲလှယ်ပြီး ထွက်ရှိ လာသော  မူလ Analog Meter များကို စက်ရုံတွင် ပြန်လည်ပြုပြင်ခဲ့သမျှ မီတာပေါင်း( ၆,၁၆၉ ) ပြန်လည် ရရှိပြီး၊   ငွေကျပ်    ပေါင်း  ( ၁၃၈,၈၀၂,၅၀၀ ) သက်သာမှု ရရှိခဲ့ပါသည်။ တပ်ဆင်ပြီး Digital Meter ပေါင်း (၂၁,၅၀၈) အတွက် ကုန်ကျစရိတ် ကျပ် (၁,၉၇၆,၅၃၀,၄၄၀)၊ လျှပ်စစ်မီတာယူနစ်တိုးတက်လာခဲ့  သာ  ကြောင့် ရရှိခဲ့သည့် ၀င်ငွေတိုးတက်မှု (ကျပ် ၆၉,၁၂၄,၁၆၃)   ကြောင့်   အရင်းကျေရန် ( ၂၈.၅ ) လသာစောင့်    ဆိုင်းရမည် ဖြစ်ပါသည်။

မူလတပ်ဆင်ခဲ့သော Analog Meter များသည် နှစ်ကာလကြာမြင့်စွာ သုံးစွဲခဲ့ခြင်း၊ မီးအား ကျသောအခါ အလုပ်မလုပ်ခြင်း၊ မီတာဖတ် စာရေးများ မှန်ကန်စွာ မဖတ်ခြင်း၊ မီတာများကို ပြုပြင်၍ လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့်  ခိုးယူသုံးစွဲခြင်း စသည်များကြောင့် ပျောက်ဆုံးမှုနှစ်မျိုးစလုံး ဖြစ်ပေါ်နေခဲ့ပါသည်။ Digital Meter များ လဲလှယ်တပ်ဆင် လိုက်ခြင်းဖြင့် အထက်ပါ အချက်နှစ်ချက်စလုံး   ဖြေရှင်းပြီးသား ဖြစ်သွားပြီဖြစ်ပါသည်။

Unit Losses ကျဆင်းအောင် လုပ်ခြင်းသည် တစ်နည်းအားဖြင့် System Improvement လုပ်ခြင်းသာ ဖြစ်ပါသည်။ Overload (၀န်အားပြည့်နေသော) ထရန်  စဖော်မာများကို ထပ်မံ၍ ထရန်စဖော်မာများ ဖြည့်ပေးခြင်း၊ ကြိုးသေး၍ မီးအားကျနေသော   နေရာများကို ကြိုးကြီးလဲ၍ မီးအားပြည့်အောင်လုပ်ပေးခြင်း၊ Protection များ မရှိ၍ ထရန်စဖော်မာ တစ်လုံးချင်း မီးပိတ်ပြုပြင်လိုလျှင် ခွဲရုံ Feeder များမှ ပိတ်နေရ၍ မလိုလားအပ်ဘဲ အခြားသောရပ်ကွက်များပါ မီးပြတ်နေ   ရခြင်း စသည်များမှာ ငွေကြေး အကုန်မခံပါ ဘဲ ဆောင်ရွက်၍ မရသော ကိစ္စများ ဖြစ်ပါသည်။

Unit Losses ကျဆင်းအောင် လုပ်ရမည့် အချက်ထဲတွင် လျှပ်စစ်လုပ်ငန်း စတင်ဆောင်ရွက် ခဲ့သော EPC မတိုင်မီ လက်ထက် ကတည်းက Switch Gear  များကို ယခုထက်တိုင် ပြုပြင်သုံးစွဲ နေရ ဆဲသည်လည်း ပါဝင်ပါသည်။ မီး ဘယ်အချိန်ထပျက်မလဲကို ရင်တမမနှင့် စောင့်နေရ  သလို မိမိတို့ ကိုင်တွယ် သုံးစွဲနေသည့် ပစ္စည်းများ၏ Outmoded   ဖြစ်နေခြင်းက အမြဲတမ်း   ခြောက်လှန့်လျက်ရှိရာ မင်းတို့မီးက  Stable   ဖြစ်ရဲ့လား၊ Reliable ဖြစ်ရဲ့လား ဆိုတဲ့ နိုင်ငံခြားသားများ၏    မေးခွန်းကို ဖြေရဲစရာ အကြောင်းမရှိခဲ့ပါ။ မြန်မာစကားမှာ နည်းနည်းနဲ့ ကျဲကျဲဝိုင်း ဆိုသလို လုပ်ခဲ့ကြခြင်းဖြင့် ယခုလက်ရှိအခြေအနေကိုရောက်ရှိနေပြီ ဖြစ်ပါ   သည်။

ဒါကြောင့် ခေတ်တွေ၊ စနစ်တွေ၊ လူတွေကို ပြောမနေဘဲ မီးမှန်သော၊ မီးအားပြည့်သော၊ မီး တစ်နည်းအားဖြင့် လျှပ်စစ်ဓာတ်အား   ပြည့်ပြည့်ဝဝနှင့် မှန်မှန်   လာအောင်   Losses များ ကျဆင်းစေရေး အတွက် မိမိတို့ တာဝန်ယူနေစဉ် ကာလအတွင်း   နိုင်ငံတကာ   ငွေကြေးထောက်ပံ့မှု၊ နည်းပညာထောက်ပံ့ မှုများ ရယူကာ ပြည်သူများ စိတ်ချမ်းမြေ့စွာ နေနိုင်ပြီး ဖွံဖြိုးတိုးတက်သော   နိုင်ငံ တစ်နိုင်ငံအဖြစ် ပြောင်းလဲ နိုင်ရေး ကြိုးပမ်းသွားကြပါစို့ဟု တင်ပြရင်း ရပ်နားခွင့်ပြုပါ။

ရေးသားသူ
လင်းရောင်

No comments:

Post a Comment