Built-In Stability ကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရတာခက်လို့ စီးပွားရေးကို အလိုအလျောက် ထိန်းညှိ တည်ငြိမ်စေမှုလို့ဘဲ ရေးလိုက်တယ်။ ဘဝင်မကျရင် ခွင့်လွှတ်ကြပါ။
ရှေ့မှာ အစိုးရက လွှတ်တော်အဆုံးအဖြတ်နဲ့ ဘဏ္ဍာရေးမူဝါဒကို လိုသလို ပြုပြင်ပြောင်းလဲတဲ့ discretionary fiscal policy ကို ရေးခဲ့ပါတယ်။ အခု စီးပွားရေးကို အလိုအလျောက် ပြုပြင်ပြောင်းလဲပေးတဲ့ ဘဏ္ဍာရေး မူဝါဒ non-discretionary fiscal policy ကို ရေးပါမယ်။ အတိုင်းအတာတစ်ခုအထိ အစိုးရရဲ့ အခွန်ရငွေဟာ စီးပွားရေးသံသရာ ဖြစ်စဉ်အတွင်း အလိုအလျောက် ပြောင်းလဲပြီး စီးပွားရေးကို တည်ငြိမ် စေပါတယ်။ ဒီလို အလိုအလျောက် ပြန်လည်တုန့်ပြန်မှု သို့မဟုတ် built-in stability က non-discretionary (passive or automatic) fiscal policy ကို ဖြစ်စေပါတယ်။
အရင်တုံးက ဘဏ္ဍာရေး မုဝါဒမှာ built-in stability ကို ထည့်မစဉ်းစားခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စုစုပေါင်းထုတ်ကုန် အဆင့် တစ်ခုစီတိုင်းမှာ တူညီတဲ့ အခွန်အတုပ်ရငွေ ရှိတယ်၊ ကောက်ခံတယ်လို့ သွယ်ဝိုက်သောအားဖြင့် ယူဆခဲ့လို့ ပါဘဲ။ သို့သော်လည်း အမေရိကန်နိုင်ငံရဲ့ အခွန်စနစ်က အသားတင် အခွန်ရငွေ (Net taxes = Tax revenues - transfers - subsidies) သည် GDP နဲ့ တိုက်ရိုက် ပြောင်းလဲနေပါတယ်။ GDP တက်လာတာနဲ့ အမျှ အခွန်ရငွေကလဲ များလာပါတယ်။ အထူးသဖြင့် လူတစ်ဦးချင်း ဝင်ငွေခွန်ဟာ ဝင်ငွေ မြင့်တဲ့သူတွေအတွက် မြင့်မားတဲ့ နှုန်းထား ရှိနေပါတယ်။ ဒါကြောင့် GDP များလာလေ အခွန်ရငွေဟာ အချိုးကျတိုးတက်မှုထက် ပိုများတဲ့ ပုံစံ ဖြစ်နေပါတယ်။ ဒါ့အပြင် GDP မြင့်လာပြီး ကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို ပိုပြီး ဝယ်လာတာနဲ့အမျှ corporate income taxes ကရငွေတွေ၊ sales taxes နဲ့ excise taxes တွေက ရငွေတွေကလဲ တက်လာပါတယ်။ အလားတူစွာဘဲ စီးပွားရေး ချဲ့ထွင်မှုက အလုပ်အကိုင်တွေကို ဖန်တီးပေးတာကြောင့် payroll taxes တွေက ရငွေတွေကလဲ တက်လာပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် GDP ကျဆင်းတဲ့အခါ ဒီ sources အားလုံးကရတဲ့ အခွန်ငွေတွေ ဟာလဲ ကျဆင်းသွားပါတယ်။
လွှဲပြောင်းပေးငွေ transfer payments တွေကတော့ အခွန်ရငွေ နဲ့ ဆန့်ကျင်ဖက် ပုံစံ ဖြစ်ပါတယ်။ အလုပ် လက်မဲ့တွေကို ထောက်ပံ့တဲ့ငွေ၊ လူမှုဖူလုံရေး ထောက်ပံ့ငွေ စတာတွေကတော့ စီးပွားရေးကို ချဲ့ထွင်တဲ့ အချိန်၊ GDP မြင့်မားချိန်တွေမှာ ကျဆင်းပြီး၊ စီးပွားရေးကို ချုံ့ပစ်တဲ့အချိန်တွေမှာ မြင့်မားလာပါတယ်။
built-in stabilizer ဆိုတာ ဘယ် မူဝါဒချမှတ်သူရဲ့ ထင်ရှားတဲ့ တိုက်ရိုက် လုပ်ဆောင်မှု မပါဘဲနဲ့ စီးပွားရေး ကျဆင်းချိန် recession အတွင်းမှာ အစိုးရရဲ့ ဘတ်ဂျက် လိုငွေကို တိုးပေးတဲ့ သို့မဟုတ် ဘတ်ဂျက်ပိုငွေ ကို လျှော့ချပေးတဲ့ အရာတစ်ခု .. စီးပွားရေး ချဲ့ထွင်ချိန်မှာ ဘတ်ဂျက်ပိုငွေ ဖြစ်လာအောင် လုပ်ပေးပြီး ဘတ်ဂျက်လိုငွေ ဖြစ်လာရင် လျှော့ချပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံကတော့ အမေရိကန် နိုင်ငံရဲ့ အခွန်စံနစ် လည်ပတ်မှုကို အတိအကျ ထင်ဟပ်ပြနေပါတယ်။
အစိုးရအသုံးစရိတ် G ဟာ ပုံသေဖြစ်ပြီး GDP အဆင့်နဲ့ ကင်းလွတ်တယ်လို့ ယူဆထားပါတယ်။ လွှတ်တော် က အသုံးစရိတ် ဘယ်လောက်ပမာဏ သုံးမယ်လို့ ဆုံးဖြတ်ပေမဲ့ အခွန်ရငွေ ပမာဏ ကိုတော့ မဆုံးဖြတ် ပါဘူး။ ဒါပေမဲ့ အခွန်နှုန်းထားကို ဆုံးဖြတ်ပေးပါတယ်။ ဒီတော့ အခွန်ရငွေဟာ တိုင်းပြည်က ရရှိတဲ့ GDP အဆင့်နဲ့ တိုက်ရိုက် ပြောင်းလဲ နေပါတယ်။ မျဉ်း T ဟာ အခွန်ရငွေနဲ့ GDP ကြားထဲက တိုက်ရိုက် ဆက်နွယ်မှုကို ကိုယ်စားပြုပါတယ်။
အခွန်ရငွေနဲ့ GDP ကြားက တိုက်ရိုက် ဆက်နွယ်မှုရဲ့ စီးပွားရေးအရ အရေးပါမှုသည် အောက်ပါအချက် များကို ထည့်သွင်း စဉ်းစားတဲ့အခါ ထင်ရှားလာပါတယ် -
ဆန့်ကျင်ဘက်အားဖြင့် စီးပွားရေးကျဆင်းချိန်မှာ GDP ကျဆင်းလာတာနဲ့အမျှ အခွန်ရငွေဟာလဲ အလို အလျှောက် ကျလာပါတယ်။ အခွန်ကျဆင်းတော့ အသုံးစရိတ်တွေ တိုးလာပြီး စီးပွားရေး နှေးကွေး ကျဆင်း မှုကို သက်သာရာရစေပါတယ်။ GDP ကျဆင်းလို့ အခွန်ရငွေ ကျဆင်းလာပြီး အစိုးရရဲ့ ဘတ်ဂျက်ဟာ ပိုငွေကနေ လိုငွေဆီကို ရောက်သွားပါတယ်။ ပုံမှာ နိမ့်ကျတဲ့ ဝင်ငွေအဆင့် GDP1 မှာ အခွန်ရငွေတွေ များပြားနေတဲ့ ဘတ်ဂျက်ကို လိုငွေဖြစ်အောင် အလိုအလျှောက် ပြုလုပ်ပေးပါတယ်။
ပုံထဲမှာ အလိုအလျှောက် ဖြစ်တဲ့ ဘတ်ဂျက် ပိုငွေ လိုငွေ ပမာဏဟာ GDP ပြောင်းလဲမှုကို လိုက်ပြီး အခွန်ရငွေရဲ့ တုန့်ပြန်ပြောင်းလဲမှုပေါ် မူတည်ပါတယ်။ GDP ပြောင်းလဲမှုကြောင့် အခွန်ရငွေ ထူးထူး ခြားခြား ပြောင်းလဲမယ်ဆိုရင် မျဉ်းဖြောင့် T ရဲ့ လျှောစောက်ဟာ မတ်စောက် ပြီး မျဉ်းဖြောင့် T နဲ့ G ကြားက ဒေါင်လိုက် အကွာအဝေး ( ပိုငွေ သို့မဟုတ် လိုငွေ) ဟာ ကြီးသွားမှာ ဖြစ်ပါတယ်။ GDP ပြောင်းလဲမှု ကြောင့် အခွန်ရငွေဟာ နည်းနည်းဘဲ ပြောင်းလဲမယ်ဆိုရင် မျဉ်း T ရဲ့ လျှောစောက်ဟာ ပြေပြေဘဲ ရှိပြီး built-in stability ကတော့ နိမ့်မှာဘဲ ဖြစ်ပါတယ်။
မျဉ်း T ရဲ့ မတ်စောက်မှုဟာ အခွန်စံနစ်ပေါ်မှာ မူတည်နေပါတယ်။ ဝင်ငွေမြင့်သူကို အခွန်နှုန်း မြှင့်ကောက် တဲ့ progressive tax system မှာ ပျမ်းမျှ အခွန်နှုန်းထားဟာ GDP နဲ့အတူ လိုက်တက်ပါတယ်။ ပျမ်းမျှ အခွန်နှုန်းကတော့ (tax revenue / GDP) ဖြစ်ပါတယ်။ အချိုးကျအခွန် စံနစ် proportional tax system မှာ ပျမ်းမျှအခွန်နှုန်းဟာ GDP တက်လာတဲ့အခါ ပုံသေဖြစ်လာပါတယ်။ ဆင်းရဲသူတွေ၊ ဝင်ငွေနိမ့်သူတွေကို အခွန်နှုန်း မြှင့်ကောက်တဲ့ regressive tax system မှာ GDP တက်လာတဲ့အခါ ပျမ်းမျှအခွန်နှုန်းဟာ ကျဆင်း သွားပါတယ်။ ဒီ ၃ မျိုးထဲမှာ progressive tax system မှာ မျဉ်းဖြောင့် T ဟာ အမတ်စောက်ဆုံး ဖြစ်ပါတယ်။ progressive system နဲ့ proportional system ၂ မျိုးစလုံးမှာ အခွန်ရငွေဟာ GDP နဲ့ အတူ လိုက်တက်ပြီး regressive tax system မှာတော့ တက်ရင်လဲတက်မယ်၊ ကျရင်လဲကျမယ်၊ သို့မဟုတ် တည်ငြိမ်ပြီး ရှိရင်လဲ ရှိပါမယ်။ အဓိက အချက်ကတော့ progressive tax system အားကောင်းလေလေ၊ တိုင်းပြည်ရဲ့ အလိုအလျှောက် ထိန်းညှိ တည်ငြိမ်စေမှု built-in stability က ကြီးလေလေ ဖြစ်ပါတယ်။
အခွန်စံနစ်ကနေ ထောက်ပံ့ပေးတဲ့ built-in stability သည် စီးပွားရေး အတက်အကျတွေရဲ့ ပြင်းထန်မှုကို လျှော့ချပေးပါတယ်။ သို့သော် built-in stabilizer သည် စီးပွားရေး အတက်အကျကို လျှော့ချပေးပြီး လုံးဝတော့ ဖယ်ထုတ်မပေးပါဘူး။ စီးပွားရေးကျဆင်းမှု သို့မဟုတ် ငွေဖောင်းပွမှုရဲ့ ပမာဏတစ်ခုကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ကနေ ဆုံးဖြတ်ပေးတဲ့ ဘဏ္ဍာရေးမူဝါဒ discretionary fiscal policy နဲ့ ဗဟိုဘဏ်ကနေ အတိုးနှုန်း အပြောင်းအလဲ လုပ်တဲ့ ငွေကြေးမူဝါဒ monetary policy တို့ကိုလဲ ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။
ဖတ်ရှုအကျိုးများပါစေ။
ဖြူ ဖြူ

Automatic or Built-In Stabilizers

စီးပွားရေးအရ အရေးပါမှု Economic Importance
အခွန်ရငွေနဲ့ GDP ကြားက တိုက်ရိုက် ဆက်နွယ်မှုရဲ့ စီးပွားရေးအရ အရေးပါမှုသည် အောက်ပါအချက် များကို ထည့်သွင်း စဉ်းစားတဲ့အခါ ထင်ရှားလာပါတယ် -
- အခွန်အတုပ်က အသုံးစရိတ်နဲ့ စုစုပေါင်း ဝယ်လိုအားကို ကျဆင်းစေပါတယ်
- စီးပွားရေး အဆောက်အအုံက ငွေဖောင်းပွမှုကို ဦးတည်နေတဲ့အခါ အသုံးစရိတ် လျှော့ချမှုကို လိုအပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး နှေးကွေးကျဆင်းတဲ့အခါ အသုံးစရိတ် တိုးမြှင့်မှုကို လိုအပ် ပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် စီးပွားရေးကျဆင်းချိန်မှာ GDP ကျဆင်းလာတာနဲ့အမျှ အခွန်ရငွေဟာလဲ အလို အလျှောက် ကျလာပါတယ်။ အခွန်ကျဆင်းတော့ အသုံးစရိတ်တွေ တိုးလာပြီး စီးပွားရေး နှေးကွေး ကျဆင်း မှုကို သက်သာရာရစေပါတယ်။ GDP ကျဆင်းလို့ အခွန်ရငွေ ကျဆင်းလာပြီး အစိုးရရဲ့ ဘတ်ဂျက်ဟာ ပိုငွေကနေ လိုငွေဆီကို ရောက်သွားပါတယ်။ ပုံမှာ နိမ့်ကျတဲ့ ဝင်ငွေအဆင့် GDP1 မှာ အခွန်ရငွေတွေ များပြားနေတဲ့ ဘတ်ဂျက်ကို လိုငွေဖြစ်အောင် အလိုအလျှောက် ပြုလုပ်ပေးပါတယ်။
ဝင်ငွေအလိုက် အခွန် Tax Progressivity
ပုံထဲမှာ အလိုအလျှောက် ဖြစ်တဲ့ ဘတ်ဂျက် ပိုငွေ လိုငွေ ပမာဏဟာ GDP ပြောင်းလဲမှုကို လိုက်ပြီး အခွန်ရငွေရဲ့ တုန့်ပြန်ပြောင်းလဲမှုပေါ် မူတည်ပါတယ်။ GDP ပြောင်းလဲမှုကြောင့် အခွန်ရငွေ ထူးထူး ခြားခြား ပြောင်းလဲမယ်ဆိုရင် မျဉ်းဖြောင့် T ရဲ့ လျှောစောက်ဟာ မတ်စောက် ပြီး မျဉ်းဖြောင့် T နဲ့ G ကြားက ဒေါင်လိုက် အကွာအဝေး ( ပိုငွေ သို့မဟုတ် လိုငွေ) ဟာ ကြီးသွားမှာ ဖြစ်ပါတယ်။ GDP ပြောင်းလဲမှု ကြောင့် အခွန်ရငွေဟာ နည်းနည်းဘဲ ပြောင်းလဲမယ်ဆိုရင် မျဉ်း T ရဲ့ လျှောစောက်ဟာ ပြေပြေဘဲ ရှိပြီး built-in stability ကတော့ နိမ့်မှာဘဲ ဖြစ်ပါတယ်။
မျဉ်း T ရဲ့ မတ်စောက်မှုဟာ အခွန်စံနစ်ပေါ်မှာ မူတည်နေပါတယ်။ ဝင်ငွေမြင့်သူကို အခွန်နှုန်း မြှင့်ကောက် တဲ့ progressive tax system မှာ ပျမ်းမျှ အခွန်နှုန်းထားဟာ GDP နဲ့အတူ လိုက်တက်ပါတယ်။ ပျမ်းမျှ အခွန်နှုန်းကတော့ (tax revenue / GDP) ဖြစ်ပါတယ်။ အချိုးကျအခွန် စံနစ် proportional tax system မှာ ပျမ်းမျှအခွန်နှုန်းဟာ GDP တက်လာတဲ့အခါ ပုံသေဖြစ်လာပါတယ်။ ဆင်းရဲသူတွေ၊ ဝင်ငွေနိမ့်သူတွေကို အခွန်နှုန်း မြှင့်ကောက်တဲ့ regressive tax system မှာ GDP တက်လာတဲ့အခါ ပျမ်းမျှအခွန်နှုန်းဟာ ကျဆင်း သွားပါတယ်။ ဒီ ၃ မျိုးထဲမှာ progressive tax system မှာ မျဉ်းဖြောင့် T ဟာ အမတ်စောက်ဆုံး ဖြစ်ပါတယ်။ progressive system နဲ့ proportional system ၂ မျိုးစလုံးမှာ အခွန်ရငွေဟာ GDP နဲ့ အတူ လိုက်တက်ပြီး regressive tax system မှာတော့ တက်ရင်လဲတက်မယ်၊ ကျရင်လဲကျမယ်၊ သို့မဟုတ် တည်ငြိမ်ပြီး ရှိရင်လဲ ရှိပါမယ်။ အဓိက အချက်ကတော့ progressive tax system အားကောင်းလေလေ၊ တိုင်းပြည်ရဲ့ အလိုအလျှောက် ထိန်းညှိ တည်ငြိမ်စေမှု built-in stability က ကြီးလေလေ ဖြစ်ပါတယ်။
အခွန်စံနစ်ကနေ ထောက်ပံ့ပေးတဲ့ built-in stability သည် စီးပွားရေး အတက်အကျတွေရဲ့ ပြင်းထန်မှုကို လျှော့ချပေးပါတယ်။ သို့သော် built-in stabilizer သည် စီးပွားရေး အတက်အကျကို လျှော့ချပေးပြီး လုံးဝတော့ ဖယ်ထုတ်မပေးပါဘူး။ စီးပွားရေးကျဆင်းမှု သို့မဟုတ် ငွေဖောင်းပွမှုရဲ့ ပမာဏတစ်ခုကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ကနေ ဆုံးဖြတ်ပေးတဲ့ ဘဏ္ဍာရေးမူဝါဒ discretionary fiscal policy နဲ့ ဗဟိုဘဏ်ကနေ အတိုးနှုန်း အပြောင်းအလဲ လုပ်တဲ့ ငွေကြေးမူဝါဒ monetary policy တို့ကိုလဲ ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။
ဖတ်ရှုအကျိုးများပါစေ။
McConnell. Brue Flynn တို့ ရေးသားသော eighteenth edition. "Economics: Principles, Problems, and Policies" မှ ကိုးကား ဘာသာပြန်ပါသည်။
ဖြူ ဖြူ
thanks for knowledge.
ReplyDeleteYou're welcome!!
Deleteဗဟုသုတရလို့ ဖတ်လဲဖတ် မှတ်လဲမှတ်သွားတယ်နော်
ReplyDeleteကျေးဇူး အထူး အထူးတင်ပါတယ် အစ်မရေ .. ^_^
Delete