ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thursday, November 22, 2012

ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခု

ဆောင်းပါးအသစ်လဲ မတင်နိုင်သေးလို့ တင်ပြီးသား   ဆောင်းပါးမှာ youtube video link ထပ်ထည့်ပေးပြီး   ပြန်တင်လိုက်တာပါ.. 
ဒီဆောင်းပါးနဲ့ သင့်တော်တဲ့ video link ကလေးပါ.. ပိုပြီး   ပြည့်စုံသွားတာပေါ့နော်..။ click လုပ်ကြည့်နိုင်ပါတယ်နော်..။
How Banks Create Money out of Thin Air
    
 Fractional reserve banking system ရဲလုပ်ဆောင်ချက်တွေကို ပုံဖော်ဖို့အတွက် commercial bankတစ်ခုရဲ လက်ကျန်ရှင်းတမ်း balance sheet ကို စစ်ဆေးဖို့လိုပါတယ်။ ကူးသန်းရောင်းဝယ်ရေးတစ်ခုရဲ့ balance sheet ဆိုတာ အချိန်တစ်ချိန်ချိန်မှာရှိတဲ့ ဘဏ်ရဲ   ငွေရေးကြေးရေး အခြေအနေကို အကျဉ်းချုပ်ပြထားတဲ့ ရှင်းလင်းဖော်ပြချက် statementတစ်ခုဖြစ်ပြီး ရပိုင်ခွင့် assets တွေနဲ့ အဲဒီရပိုင်ခွင့်တွေကို   တောင်းခံပိုင်  ခွင့်တွေကို နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။ balance sheet တိုင်းဟာ ညီမျှရ ပါတယ်။ ဆိုလိုတာက assets တွေဟာ အဲဒီ assets တွေကို တောင်းခံချက်တွေနဲ့ ညီမျှရပါတယ်။ လက်ကျန်ရှင်းတမ်းမှာ   ဖော်ပြထားတဲ့   တောင်းခံချက်တွေကို အုပ်စု ၂ ခုခွဲ ထားပါတယ်......။
   လုပ်ငန်းရဲ ပိုင်ရှင်မဟုတ်သူတွေရဲလုပ်ငန်းရဲ ရပိုင်ခွင့်တွေအပေါ်   တောင်းခံချက်တွေကို   ပေးရန်တာဝန် Liabilities လို့ ခေါ်ပြီး လုပ်ငန်းရဲ ပိုင်ရှင်တွေက လုပ်ငန်းရဲ ရပိုင်ခွင့်တွေ အပေါ်မှာ   တောင်းခံချက်တွေကို net worth လို့ခေါ်ပါတယ်။ assets ဘက်မှာ ငွေ ၁ ယူနစ် ပြောင်းလဲမှုတိုင်းကို liabilities နဲ့ net worth ဘက်မှာ ငွေ ၁ ယူနစ် ပြောင်းလဲမှုနဲ့ ချေဖျက်ရပါ တယ်။ liabilities နဲ့ net worth ဘက်မှာ ငွေ ၁ ယူနစ်   ပြောင်းလဲမှု တိုင်းကိုလဲ assets ဘက်မှာ ငွေ ၁ ယူနစ်   ပြောင်းလဲမှုနဲ့ ချေဖျက်ရပါတယ်။


 Transaction 1: Creating a Bank
  ABC ဆိုတဲ့ ဘဏ်တစ်ခုကို ကျပ် ၂၅၀,၀၀၀ တန်တဲ့ စတော့ရှယ်ယာတွေကို   ရောင်းပြီး   ထောင်တယ်ဆိုပါစို့။ စတော့ ရှယ်ယာတချိုကို ဘဏ်ထောင်သူတွေကိုယ်တိုင်ဝယ်တယ်.. တချိုကို တခြားသူ   တွေဝယ်တယ်။ အဲဒီတော့ ဘဏ်မှာ လက်ဝယ်ရှိငွေ cash in hand က ကျပ် ၂၅၀,၀၀၀ ဖြစ်သွားပြီး ကျပ် ၂၅၀,၀၀၀ တန် စတော့ရှယ်ယာတွေက ပေးဖို့ စာရင်းပေါ်လွင်သွားပါတယ်။ cash ငွေသားက ဘဏ်ရဲasset ဖြစ်ပါတယ်။ အဲလို ဘဏ်ကကိုင်ထားတဲ့ ငွေသားကို vault cash သို့မဟုတ် till money လို့လဲ ခေါ် ပါတယ်။ စာရင်းပေါ်လွင်နေတဲ့ စတော့ရှယ်ယာတွေသည် ဘဏ်ရဲ ရပိုင်ခွင့်တွေ အပေါ်မှာ   တောင်းခံချက်   တွေဘဲ ဖြစ် ပါတယ်။ အဲဒီ stock တွေဟာ ဘဏ်ရဲ net worth ဘဲ ဖြစ်ပါတယ်။ ဘဏ်ရဲလက်ကျန်ရှင်းတမ်း ကို ကြည့်ပါမယ်..။


Transaction 2: Acquiring Property and Equipment
  ဘဏ်ပိုင်ရှင်တွေကို ကိုယ်စားပြုတဲ့ Board of Directors တွေက ဘဏ်အသစ်ကို   ပြင်ဆင်နေတဲ့ အခြေအနေ ကနေ ရုပ်လုံးပေါ်လာအောင် လုပ်ကြရတယ်။ ပထမဆုံးအနေနဲ့ မြေ၊ အဆောက်အဦစတဲ့ propertyတွေနဲ့ ရုံးအသုံးအဆောင် office equipment တွေ ဝယ်ရမယ်။ အဆောက်အဦအတွက်က ကျပ် ၂၂၀,၀၀၀ နဲ office equipment အတွက် ကျပ် ၂၀,၀၀၀   ပေးလိုက် ရတယ်။ ဒီလုပ်ဆောင်ချက်တွေက ဘဏ်ရဲ ရပိုင်ခွင့်မှာ ပါဝင်ဖွဲ့စည်းမှုကို    ပြောင်းလဲသွားစေတယ်။ ဘဏ်မှာ အခုဆိုရင်   ငွေသားက ကျပ် ၂၄၀,၀၀၀   လျော့သွားတယ်။ property assets မှာ ကျပ် ၂၄၀,၀၀၀ ဖြစ်လာတယ်။ transaction အသစ်တွေ ကို အပြာ   ရောင်နဲ့ ပြမယ်။ 


Transaction 3: Accepting Deposits
  commercial banks တွေမှာ အခြေခံ လုပ်ဆောင်ချက် ၂ ခုရှိတယ်- အပ်ငွေလက်ခံတာ ရယ်.. ချေးငွေထုတ်ချေးတာရယ်။ အခုဘဏ်က စတင် လည်ပတ်နေပြီ။ လူတွေနဲ့ လုပ်ငန်းတွေက ABCဘဏ်မှာ ငွေ ကျပ် ၁၀၀,၀၀၀ လာအပ်တယ်။ ဘဏ်က   ငွေတွေရတယ်.. အဲဒီငွေသားတွေက ဘဏ်ရဲ ရပိုင်ခွင့်တွေ။ တကယ်လို့ ဘဏ်ကို အပ်ငွေသည် saving depositstime deposits မဟုတ်ဘဲ စာရင်းရှင်အပ်ငွေ checkable deposits ဖြစ်မယ်ဆိုပါတော့။ ဒီအသစ်ရလာတဲ့ checkable deposits သည်   ငွေအပ်သူများက ဘဏ်ရဲ ရပိုင်ခွင့် အပေါ်မှာ တောင်းခံပိုင်ခွင့်ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် စာရင်းရှင်အပ်ငွေသည် ဘဏ်အတွက် ပေးရန် တာဝန်   ဖြစ်ပါတယ်။ ABC ဘဏ်ရဲbalance sheet ကို ကြည့်မယ်..။


   ဒီ transaction 3 ကြောင့် စီးပွားရေးအဆောက်အအုံရဲစုစုပေါင်း ငွေကြေးပမာဏ money supply မပြောင်းလဲပါဘူး။ ဒါပေမဲ့ ငွေကြေး ပမာဏထဲမှာ ပါဝင်ဖွဲ့စည်းမှုကတော့ ပြောင်းလဲသွားတယ်။ ဘဏ်ရဲ စာရင်းရှင် အပ်ငွေက ကျပ် ၁၀၀,၀၀၀ တက်သွားတယ်။ ဒါပေမဲ့ လူတွေလက်ထဲမှာ ကိုင်ထားတဲ့ငွေက ကျပ် ၁၀၀,၀၀၀ လျော့သွားတယ်။ ဘဏ်ကကိုင်ထားတဲ့ ငွေသားကတော့ စီးပွားရေး အဆောက်အအုံ ရဲ ငွေကြေးပမာဏရဲ အစိတ်အပိုင်း မဟုတ်ဘူး။ ငွေထုတ်ရင် ဘဏ်ရဲ စာရင်းရှင်အပ်ငွေ   ပေးရန်တာဝန်က လျော့သွားမယ်.. ဘဏ်ကကိုင်ထားတဲ့ ငွေသားပမာဏကလဲ ထုတ်သလောက် ပမာဏ အတိုင်းလျော့မယ်။ ဒါတွေဟာ စီးပွားရေး အဆောက် အအုံမှာ ငွေကြေးပမာဏရဲ ပါဝင်ဖွဲ့စည်းမှု ကို   ပြောင်းစေပေမဲ့ စုစုပေါင်းငွေကြးပမာဏကိုတော့ မပြောင်း လဲစေပါဘူး။

Transaction 4: Depositing Reserves in the Central Bank
             စာရင်းရှင်အပ်ငွေကို ပြုလုပ်ဖန်တီးတဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေအားလုံးဟာ ဥပဒေအရ သီးသန့်ငွေသား လိုအပ်ချက်ကို ထိန်းသိမ်းရပါတယ်။ သီးသန့်ငွေသားလိုအပ်ချက် reserve requirement ဆိုတာကတော့ ဘဏ်တွေက ပိုင်ဆိုင်တဲ့ အပ်ငွေ ပေးရန်တာဝန်တွေရဲသတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတစ်ခုနဲ ညီမျှတဲ့ ငွေသားပါဘဲ။ ဘဏ်က ဒီသီးသန့်ငွေသားတွေကို ဗဟိုဘဏ်မှာ အပ်၍သော် လည်းကောင်း၊ မိမိရဲဘဏ် ငွေတိုက်ထဲမှာသော်လည်းကောင်း သိမ်းဆည်းထားရပါတယ်။ ရှင်းသွားအောင် လို့ ABC ဘဏ်က သူ့ရဲ  reserve requirement အားလုံးကို ဗဟိုဘဏ်မှာ အပ်ထားလို့ ယူဆ လိုက်မယ်။ ဒါပေမဲ့ တကယ့် အပြင် လောကမှာ ဘဏ်တွေက သူတိုရဲ ဘဏ်ငွေတိုက်ထဲမှာ သူတို့ရဲ သီးသန့်ငွေသားအစိတ်အပိုင်း တော်တော် များများကို ထားကြပါတယ်။
     ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခုက သီးသန့်ငွေသားအဖြစ်ထားရတဲ့ စာရင်းရှင်အပ်ငွေ   ပေးရန်တာဝန်ရဲ့  သတ်မှတ်ရာခိုင်နှုန်းကို သီးသန့်ငွေသားအချိုး reserve ratio လို့ခေါ်ပါတယ်။ commercial bank ရဲ စာရင်းပေါ်လွင်နေတဲ့ စာရင်းရှင်အပ်ငွေ ပေးရန်တာဝန်နဲ့ ဘဏ်က ထိန်းသိမ်း ထားရမဲ့ သီးသန့်ငွေသား လိုအပ်ချက်တို့ရဲ့ အချိုးဘဲ ဖြစ်ပါတယ်။ 
          တကယ်လို့  reserve ratio က ၁၀% ဆိုရင် ABC ဘဏ်မှာ လက်ခံထားတဲ့အပ်ငွေ ကျပ် ၁၀၀,၀၀၀ ရှိတဲ့အတွက် သီးသန့်   ငွေသားကို ကျပ် ၁၀,၀၀၀ ဖယ်ထားရမှာဘဲ ဖြစ်ပါတယ်။ ratioက ၂၀% ဆိုရင် reserve ကို ကျပ် ၂၀,၀၀၀၊ ၅၀% ဆိုရင် reserve က ကျပ် ၅၀,၀၀၀ အသီးသီး ဖယ်ထားရမှာဖြစ်ပါတယ်။ အခု အာရုံစိုက်မှာက စာရင်းရှင်အပ်ငွေတွေဘဲ ဖြစ်ပါတယ်။   ပြောချင်တဲ့ အဓိကအချက်က သီးသန့်ငွေသား လိုအပ်ချက် သည် ၁၀၀% ထက်ငယ်တဲ့ အစိတ်အပိုင်း fraction ဖြစ်တယ်လို့ ဆိုလိုတာပါ။
  အခု ABCဘဏ်ရဲ သီးသန့်ငွေသားအချိုးကို ၂၀% လို့ ယူဆလိုက်မယ်။ အဲဒီတော့ သီးသန့်   ငွေသား ကျပ် ၂၀,၀၀၀ ကို ဗဟိုဘဏ်မှာ အပ်ခြင်းဖြင့် ABC ဘဏ်သည် သူ့မှာရှိတဲအပ်ငွေအတွက် လိုအပ်တဲ့ အနည်းဆုံး သီးသန့် ငွေသားအချိုးကို ပြည့်မီသွားပါတယ်။ ဒါပေမဲ့ ဘဏ်အနေနဲ့ သူ့မှာရှိတဲ့ စာရင်းရှင်အပ်ငွေတွေဟာ အနာဂတ် မှာ တိုးလာမှာကို မျှော်လင့်ထားရတယ်။ ဒီတော့ ABC ဘဏ်က သူ့မှာရှိတဲ့ ငွေသား ကျပ် ၁၁၀,၀၀၀ ထဲက minimum reserve requirement ကျပ် ၂၀,၀၀၀ ကို ဗဟိုဘဏ်မှာ ထားမဲ့အစား   နောက်ထပ်အပို ကျပ် ၉၀,၀၀၀ ကိုပါထား လိုက်တယ်။ ဒီလိုလုပ်ခြင်းဖြင့် သူ့မှာ checkable deposit တိုးတိုးလာတဲ့ အခါတိုင်း   နောက်ထပ် သီးသန့် ငွေသားကို ဗဟိုဘဏ်မှာ ထပ်မထည့်ရတော့ဘူး။ တကယ်တော့ ဒီအပိုသီးသန့်ငွေသား   တွေကို ဘဏ်အနေနဲ့ ချေးပြီး အတိုးရ   အောင် လုပ်နိုင်ပါတယ်။
    တကယ့်လက်တွေ့လောကမှာ ဘယ်ဘဏ်ကမှ သူ့ရဲငွသားတွေအားလုံးကို ဗဟိုဘဏ်မှာ အပ်တယ် ဆိုတာ မရှိပါဘူး။
(၁) စည်းမျဉ်းအရ ဘဏ်တွေဟာ သူတို့ရဲ့စုစုပေါင်းရပိုင်ခွင့်ရဲ ၁ ၁/၂ % သို့မဟုတ် ၂ % သို့မဟုတ် ရာခိုင်နှုန်း တစ်ခုခုကို ဘဏ်ငွေတိုက်ထဲမှာ   ငွေသားအဖြစ်နဲ့ ထားရတယ်။
(၂) ငွေတိုက်ထဲကငွေသား vault cash ကိုလဲ သီးသန့်ငွေသားအဖြစ် ထည့်သွင်းရေတွက်နိုင်တယ်။
  ဒီအချက် ၂ ချက်ရှိနေတဲ့အတွက်ကြောင့်  ပိုပြီးလွယ်သွားအောင် ABC ဘဏ်ရဲ  ငွေသားတွေ အားလုံး ကို ဗဟိုဘဏ်မှာ သီးသန့်ငွေသားအဖြစ် အပ်ထားတယ်လို့ ယူဆထားလိုက်တယ်။ ဒီလို ရှင်းအောင် လုပ်လိုက်တော့ သီးသန့်ငွေသားကို တွက်ချက်ဖို့အတွက် ဗဟိုဘဏ်မှာ အပ်ထားငွေနဲ့ vault ထဲက   ငွေသားကို   ပေါင်းစရာ မလို တော့ဘူး။ အဲဒီတော့ ABC ဘဏ်ဟာ သူ့ရဲ ငွသား ကျပ် ၁၁၀,၀၀၀ စလုံး ကို ဗဟိုဘဏ်မှာ အပ်ပြီးတဲ့နောက် သူ့ရဲ balance sheet က အောက်ပါအတိုင်း   ဖြစ်သွားပါတယ်..။ 


           အခု ဒီ transaction 4 မှာ သတိပြုစရာ အချက် ၃ ချက် ရှိပါတယ်..။

(၁) အပိုသီးသန့်ငွေသား Excess Reserves
ဘဏ်ရဲအပိုသီးသန့်ငွေသားကို အမှန်တကယ်ထား ထားတဲ့ သီးသန့်ငွေသား actual reserves ထဲက လိုအပ်တဲ့ သီးသန့်ငွေသား required reserves ကို နုတ်ခြင်းဖြင့် ရရှိပါတယ်။ 

            Excess reserves = Actual reserves - required reserves
 
အခုဥပမာမှာ-
               အပိုသီးသန့်ငွေသားကို တွက်ချက်ဖို့ ဘဏ်ရဲ စာရင်းရှင်အပ်ငွေ ပေးရန်တာဝန်တွေကို reserve ratio နဲ့ မြှောက်၊ လိုအပ် တဲ့ သီးသန့်ငွေသားကိုရ၊ ပြီးတော့ အဲဒီ required reserve ကို ဘဏ်ရဲ balance sheet ရဲ asset side မှာ ဖော်ပြထားတဲ့ actual reserves က နုတ်ရင် ရပြီ။ 
                 ဥပမာ- အကယ်၍ reserve ratio က ၁၀% ဆိုရင်-

required reserves = checkable deposits × 10 %
                                     = K 100,000 × 10 %
                                     = K 10,000


 (၂) အထိန်းအချုပ် Control

   သီးသန့်ငွေသားရဲ့ အခြေခံရည်ရွယ်ချက်က ဘဏ်ရဲ ငွဖြစ်လွယ်မှု liquidity ကို တိုးမြှင့်ပီး ဘဏ်ရဲ  ငွေအပ်သူတွေကို ဆုံးရှုံးမှုမှ ကာကွယ်ဖို့ဘဲ ဖြစ်ပါတယ်။ သီးသန့်ငွေသားဟာ   မျှော်လင့်မထား ဘဲနဲ့   ငွေအပ်သူ   တွေက ငွေတွေကို အများအပြား လာထုတ်တဲ့အခါ ပြန်ပေးဖို့ငွေကို အဆင်သင့်ရနိုင်တဲ့ အရင်း အမြစ်ဘဲ   ဖြစ်ပါတယ်။ ဒါပေမဲ့ သေသေချာချာ ကြည့်လိုက်ရင် သီးသန့်ငွေသားဟာ liquidity အတွက် အရင်း အမြစ်၊ ငွေအပ်သူတွေအတွက် အကာအကွယ် ဆိုပေမဲ့လဲ ရုတ်တရက် အလုံး အရင်းနဲ့ ငွေထုတ်ပြီ ဆိုရင်တော့ သီးသန့်ငွေသားကလဲ မကယ်နိုင်တော့ပါဘူး။ ဘဏ်မှာ စာရင်းရှင် အပ်ငွေရှိသူတိုင်း ပေါ်လာပြီး သူတို့ရဲ့ငွေကို   ပြန်တောင်းခံပြီဆိုရင် vault cash အဖြစ်နဲ့ သို့မဟုတ် ဗဟိုဘဏ်မှာထားတဲ့ actual reserves   တွေက မလုံလောက်တော့ပါဘူး ဘဏ်လုပ်ငန်းရှင်တွေ အနေနဲ့လဲ ဒီလိုဘဏ်ရဲ အရေးပေါ်မရှုနိုင် မကယ်နိုင် အခြေအနေ bank panic ကို မဖြည့်ဆည်း   ပေးနိုင်တော့ပါဘူး။ ဘာလို့ လဲဆိုတော့ သီးသန့်ငွေသားဟာ စာရင်းရှင်အပ်ငွေရဲ အစိတ်အပိုင်းသာ fraction ဖြစ်နေလို့ ပါဘဲ။ စာရင်းရှင်အပ်ငွေ checkable deposits တွေဟာ ဘဏ်ရဲသီးသန့်   ငွေသား   လိုအပ်ချက်ထက် အများကြီး ကြီးပါတယ်။
  ဒီတော့ commercial bank တွေဟာ အပ်ငွေတွေကို အခြားသောနည်းလမ်းတွေနဲ့ ကာကွယ်ရပါတယ်။ အချိန်မှန်မှန် (လစဉ်၊ ၃ လတစ်ကြိမ်၊ ၄ လတစ်ကြိမ်၊ ၆ လတစ်ကြိမ် စသည်ဖြင့်) ဘဏ်ကို စစ်ဆေးမှုပြုလုပ် တာဟာ စေ့စပ် သေချာတဲ့ ကူးသန်းရောင်းဝယ်ရေး  ဘဏ်လုပ်ငန်း အလေ့ အထများ prudent commercial banking practices  ကို မြှင့်တင်ပေးတဲ့ နည်းလမ်း တစ်ခု   ဖြစ်ပါတယ်။ အပ်ငွေအာမခံလုပ်ငန်းတွေကလဲ ဘဏ်မှာ အပ်ထားတဲ့ တစ်ယောက်ချင်းစီရဲ အပ်ငွေတွေ ကို အာမခံပေးပါတယ်။ သီးသန့်ငွေသားရဲရည်ရွယ်ချက်ဟာ liquidity ကို ဖြည့်ဆည်ပေးဖို့ သက်သက် ဘဲ မဟုတ်ဘူးဆိုရင် သူ့ရဲလုပ်ငန်းကဘာလဲ။ အဖြေ ကတော့ "control"  ဘဲဖြစ်ပါတယ်။ ဘဏ်တွေရဲချေးငွေ ခွင့်ပုနိုင်တဲ့ အင်အားကို ထိန်းချုပ်ဖို့ သီးသန့်ငွေသားလိုအပ်ချက်က ဗဟိုဘဏ်ကို ကူညီပေးတယ်။ ဗဟိုဘဏ်က ဘဏ်တွေရဲသီးသန့်ငွေသားကို တိုးတာ  ဖြစ်စေ၊ လျှော့ချတာဖြစ်စေ၊ အရေးယူဆောင်ရွက်နိုင် တယ်။   ချေးငွေခွင့်ပြုမဲ့ ဘဏ်တွေရဲလုပ်နိုင်စွမ်း ကိုလဲ အကျိုး သက်ရောက်စေတယ်။ ရည်ရွယ်ချက်ကတော့ ဘဏ်တွေ အနေနဲ့ ဘဏ်ချေးငွေကို အများကြီး ချဲ့ ပစ်လိုက်တာ၊ သို့မဟုတ် ချုံ ပစ်လိုက်တာမျိုးကို ကာကွယ်ဖို့ဖြစ်တယ်။ ဒီမူဝါဒတွေဟာ ဘဏ်ချေးငွေ ပမာဏအပေါ်မှာ အောင်အောင်မြင်မြင်နဲ့ သြဇာ လွှမ်းမိုးနေသ၍ ဗဟိုဘဏ်က စီးပွားရေး အဆောက်အအုံ ကို စီးပွားရေးဆိုင်ရာ မတည်မငြိမ်ဖြစ်မှုတွေမှ ရှောင်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ သီးသန့်ငွေသားရဲ   နောက်ဆောင်ရွက်ချက်တစ်ခုကတော့ ချက်လက်မှတ်တွေ ကို ကောက်ခံတာနဲ့ စာရင်း ရှင်းလင်း တာကို   ချောမွေ့စေပါတယ်။

(၃) ရပိုင်ခွင့်နဲ့ပေးရန်တာဝန် Asset and Liability
   ဒီ transaction 4 မှာ ပြုလုပ်ထားတဲ့ သီးသန့်ငွေသားတွေဟာ ကူးသန်းရောင်းဝယ်ရေး ဘဏ်ရဲ့ ရပိုင်ခွင့် ဘဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီသီးသန့်ငွေသားတွေကို ဗဟိုဘဏ်မှာ သွားအပ်ထား လို့ ဗဟိုဘဏ်ဆီ ကနေ ပြန်ပြီး တောင်းခံနိုင်တဲ့ asset   တွေဘဲဖြစ်ပါတယ်။ ပြည်သူများကနေ ကူးသန်း   ရောင်းဝယ်ရေးဘဏ်ဆီမှာ သွားအပ်ထားတဲ့ checkable deposits တွေကတော့   ပြည်သူတွေ အတွက် asset ဖြစ်ပြီး ကူးသန်း ရောင်းဝယ်ရေး ဘဏ်တွေရဲliability ဖြစ်ပါတယ်။ သီးသန့်ငွေသား ကတော့ ကူးသန်းရောင်းဝယ်ရေးဘဏ်က ဗဟိုဘဏ်မှာ သွားအပ်ထားတာဖြစ်လို့ ကူးသန်းရောင်းဝယ်ရေး ဘဏ် အတွက် asset ၊ ဗဟိုဘဏ်အတွက် liability ဘဲ ဖြစ်ပါ တယ်..။

Transaction 5: Clearing a Check Drawn against the Bank
  transaction 3 မှာ ABC ဘဏ်ကို အပ်ထားတဲ့ စာရင်းရှင်အပ်ငွေ ကျပ် ၁၀၀,၀၀၀ ထဲကနေ ငွေအပ်သူ (ဥပမာ- ဦးဖြူ) က ပစ္စည်းတစ်ခုခုဝယ်လို့ ကျပ် ၅၀,၀၀၀ ဖိုး ချက်လက်မှတ် နဲ့ ပေးချေတယ်ဆိုပါစို့။ အဲဒီတော့ ချက်လက်မှတ်ကို လက်ခံရရှိသူ (ဥပမာ- ဦးနီ) က အဲဒီချက်လက်မှတ်ကို DEF ဘဏ်ကို သွားသွင်းတယ်။ ဒီတော့ ဦးနီရဲ checkable deposit က ကျပ် ၅၀,၀၀၀ တိုးလာတယ်။
  အခု DEF ဘဏ်မှာ ဦးနီအတွက် ချက်လက်မှတ်ရှိနေပြီ။ ဒီ ချက်က ABC ဘဏ်မှာ တောင်းခံရ မှာဖြစ်တယ်။ DEF ဘဏ် က ချက်လက်မှတ်ကို ဗဟိုဘဏ်ကို ပို့လိုက်ပြီး ကောက်ခံတယ်။ ဒီနေရာမှာ ဗဟိုဘဏ်ရဲ ဝန်ထမ်းက ဗဟိုဘဏ်မှာရှိတဲ့ DEF ဘဏ်ရဲ reserve ကို ကျပ် ၅၀,၀၀၀ တိုးလိုက်ပြီး ABC ဘဏ်ရဲ့  reserve မှာ ကျပ် ၅၀,၀၀၀ လျှော့လိုက်ခြင်းဖြင့် DEF ဘဏ်အတွက် ချက်လက်မှတ်ကို စာရင်း ရှင်းလင်းကောက်ခံပေးရပါတယ်။ ချက်လက်မှတ် ကောက်ခံတယ်ဆိုတာ ABC ဘဏ်ရဲ reserve account မှာ ၅၀,၀၀၀ လျှော့ DEF ဘဏ်ရဲ reserve account မှာ ၅၀,၀၀၀ တိုးဆိုတဲ့ နှစ်ဖက် စာရင်းသွင်း စံနစ် သင်္ကေတလေးတစ်ခုကို လုပ်လိုက်တာပါဘဲ။
  နောက်ဆုံး ဗဟိုဘဏ်က စာရင်းရှင်းထားတဲ့ ချက်ကို ABC ဘဏ်ကို ပို့လိုက်တယ်။ ABC ဘဏ်မှာ ငွေအပ်သူ တွေထဲက တစ်ယောက်ရဲ  checkable deposits ကနေ ချက်လက်မှတ်နဲ့ ပထမဆုံးအနေနဲ့ ငွေထုတ်ယူတာဘဲ ဖြစ်တယ်။ အဲဒီတော့ ABC ဘဏ်က ဦးဖြူရဲ  စာရင်းရှင်အပ်ငွေထဲက ကျပ် ၅၀,၀၀၀ ကို လျှော့တယ်။ ဒီချက်လက်မှတ် ကောက်ခံမှုသည် ဗဟိုဘဏ်မှာ ထား ထားတဲ့ သူ့ရဲ reserve ထဲမှာလဲ ကျပ် ၅၀,၀၀၀ လျော့သွားတယ်ဆိုတာကိုလဲ သတိပြုမိတယ်။ ABC ဘဏ်သည် သူ့ရဲ ရပိုင်ခွင့်ဖြစ်တဲ့ reserve မှာလဲ ကျပ် ၅၀,၀၀၀ လျှော့ရတယ်၊ ပေးရန် တာဝန်ဖြစ်တဲ့ checkable deposits မှာလဲ ကျပ် ၅၀,၀၀၀   လျှော့ရတယ်။ ဗဟိုဘဏ်မှာရှိတဲ့ သီးသန့်ငွေသား ပိုင်ဆိုင်မှုက လဲ ပြောင်းလဲ သွားတယ်။ ABC ဘဏ်ပိုင်တဲ့ reserve ၅၀,၀၀၀   လျော့၊ DEF ပိုင်တဲ့ reserve ၅၀,၀၀၀ တိုး၊ စုစုပေါင်း reserves ကတော့ တူတူဘဲ ဖြစ်တယ်။
   ချက်လက်မှတ်ကို ဘဏ်တစ်ခုကနေထုတ်ပြီး နောက်ဘဏ်တစ်ခုမှာ သွင်းတဲ့အခါတိုင်း ချက်လက်မှတ်   ကောက်ခံမှုသည် ချက်လက်မှတ်ကို ထုတ်ယူတဲ့ဘဏ်ရဲ reserves မှာရော၊ checkable deposits မှာရော လျော့စေပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် ဘဏ်တစ်ခုဟာ ချက် လက်မှတ်ကို အခြားဘဏ်တစ်ခုကနေ လက်ခံရရှိ တယ်ဆိုရင် အဲဒီချက်လက်မှတ်ကောက်ခံမှုသည် သူ့ရဲ  reserves မှာရော၊ checkable deposits မှာပါ တိုးလာစေ ပါတယ်။ ဒါပေမဲ့ ဘဏ်စံနစ် တစ်ခု လုံးကြည့်ရင်တော့ သီးသန့်ငွေသား ဆုံးရှုံးမှု သို့မဟုတ် အပ်ငွေ ဆုံးရှုံးမှု မရှိပါဘူး။ ဘဏ်တစ်ခုက ဆုံးရှုံးတာကို တခြားဘဏ်တစ်ခုက ရပါတယ်။
ဒီတော့ transaction 5 အတွက် ABC ဘဏ်ရဲ  balance sheet ကို ကြည့်မယ် ....။

        reserve requirement က ၂၀ % ဖြစ်တဲ့အတွက်
Required reserves = K 50,000 × 20% = K 10,000
Actual reserves = K 60,000
Excess reserves = K 60,000 - K 10,000 = K 50,000
   ဒီတစ်ခါဆောင်းပါးကတော့ တော်တော်လဲ ရှည်သွားပြီ ဖြစ်တဲ့အတွက် ဒီမှာ ခဏရပ်လိုက်ပါ မယ်..   နောက်မှ ဘဏ်တွေ   ချေးငွေဖန်တီးတာကို ဆက်ရေးပါမယ်....။

McConnell, Brue နှင့် Flynn တို့ရေးသားသော eighteenth edition, "Economics, Principles, Problems, and Policies" ကို ကိုးကားဘာသာပြန်ပါသည်။


ဖြူဖြူ

No comments:

Post a Comment