တိုင်းပြည်တစ်ပြည်မှာ အရ၊ အသုံးနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး မူဝါဒ fiscal policy အပြောင်းအလဲကို အစိုးရက စိတ်ကြိုက် ပြုလုပ် တာကို active or discretionary လို့ခေါ်ပါတယ်။ အဲလို fiscal policy အပြောင်းအလဲက အလို အလျှောက် မဖြစ်ပါဘူး။ လွှတ်တော်ရဲ့ လုပ်ဆောင်ချက် မပါဘဲ ဘဏ္ဍာရေး မူဝါဒမှာ သူ့အလိုလို ပြောင်းလဲမှု ဖြစ်တာကို တော့ non-discretionary လို့ခေါ်ပါတယ်။
တိုင်းပြည်မှာ စီးပွားရေး ကျဆင်းမှု recession ဖြစ်လာတဲ့အခါ အစိုးရက စီးပွားရေးကို တွန်းအားပေးတဲ့ ဘဏ္ဍာရေး မူဝါဒကို အကောင်အထည် ဖော်ကြပါတယ်။ စီးပွားရေးကို ချဲ့ပေးတဲ့ ဘဏ္ဍာရေးမူဝါဒ ကို expansionary fiscal policy လို့ခေါ်ပါတယ်။
Expansionary Fiscal Policy
တိုင်းပြည်မှာ စီးပွားရေး ကျဆင်းမှု recession ဖြစ်လာတဲ့အခါ အစိုးရက စီးပွားရေးကို တွန်းအားပေးတဲ့ ဘဏ္ဍာရေး မူဝါဒကို အကောင်အထည် ဖော်ကြပါတယ်။ စီးပွားရေးကို ချဲ့ပေးတဲ့ ဘဏ္ဍာရေးမူဝါဒ ကို expansionary fiscal policy လို့ခေါ်ပါတယ်။
အထက်ပါပုံမှာ စီးပွားရေး ကျလို့ ရင်းနှီး မြှုပ်နှံမှုဝယ်လိုအားဟာ အရမ်းကျဆင်းသွားတယ်ဆိုရင် တိုင်းပြည် ရဲ့ စုစုပေါင်း ဝယ်လိုအားမျဉ်းကွေး aggregate demand curve ဟာ AD1 ကနေAD2 ဆီ ဘယ်ဘက်ကို ရွှေ့သွား ပါတယ်။ အခုအချိန်မှာ ပြထားတဲ့ မြှားနဲ့ dash မျဉ်းကွေးအစိမ်းကို ထည့် မစဉ်းစား ပါနဲ့ဦး။ စီးပွားရေး ကျဆင်းမှုရဲ့ အဓိက အကြောင်းရင်းကတော့ ရင်းနှီး မြှုပ်နှံထားတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ အမြတ်ခန့်မှန်းခြေ တွေဟာ မှေးမှိန်အားပျော့ ပြီး ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်တွေ လျော့ကျ၊ စုစုပေါင်း ဝယ်လိုအားတွေ လျော့ကျ လာ ကြလို့ပါဘဲ။
တိုင်းပြည်မှာ လုပ်သားအင်အား အပြည့်အဝ full employed သုံးပြီး ထုတ်လုပ်တဲ့ ကုန်ထွက် တန်ဘိုးဟာ ပုံမှာ ပြထားတဲ့ အတိုင်း $510 ဘီလီယံ ရှိတယ် ဆိုပါစို့။ AD1 နဲ့ AS နဲ့ ဆုံတဲ့ နေရာပေါ့။ ဈေးနှုန်းက P1 ဖြစ်ပါတယ်။ immediate short run မှာ ကန့်လန့်ဖြတ် dash မျဉ်း အနီရောင်ဟာ စုစုပေါင်း ရောင်းလိုအား မျဉ်းကွေးဖြစ်နေပါတယ်။ အခု aggregate demand curve က AD1 ကနေAD2 ဆီ $490 ဘီလီယံ ကို ကျဆင်းသွားပါတယ်။ ဒီတော့ GDP က လျော့ကျသွားပါတယ်။ Negative GDP gap က ($490 billion - $510 billion) $20 ဘီလီယံ ဖြစ်ပေါ်လာပါတယ်။ လျော့နည်းသွားတဲ့ ကုန်ထွက် တွေကို ထုတ်လုပ်ဖို့ အလုပ်သမားကလဲ လျော့နည်းပြီး လိုအပ်တဲ့အတွက် အလုပ်လက်မဲ့ တိုးတက်မှုကလဲ negative GDP gap နဲ့တကွ တွဲလျှက် ဖြစ်လာပါတယ်။ အဲဒီတော့ တိုင်းပြည်က စီးပွားရေး ကျဆင်း မှုရော၊ အလုပ်လက်မဲ့ ရော ၂ မျိုးစလုံးကို ခံစားရပါတယ်။
အစိုးရအနေနဲ့ တိုင်းပြည်စီးပွားရေးကို မြှင့်တင်ပေးဖို့ ဘယ် ဘဏ္ဍာရေးမူဝါဒကို လက်ခံကျင့်သုံးသင့်ပါသလဲ။ အဓိက ရွေးချယ်စရာ ၃ မျိုး ရှိပါတယ်။
(၁) အစိုးရ အသုံးစရိတ်ကို မြှင့်တင်မယ်
(၂) အခွန်အတုပ်ကို လျှော့ချပစ်မယ်
(၃) နံပါတ် ၁ နဲ့ ၂ ကို ရောပြီး ကျင့်သုံးမယ်။
တကယ်လို့ အစိုးရရဲ့ အသုံးစရိတ်က အရအသုံး ညီနှင့်ပြီးသားဆိုရင် expansionary fiscal policy ကို သုံးလိုက်တာဟာ အစိုးရရဲ့ ဘတ်ဂျက် လိုငွေ ဖြစ်သွားပါမယ်။ အသုံးက အခွန်ရငွေထက် များသွား တာပေါ့။
အခြားအရာများတူညီနေတဲ့အခါမှာ အစိုးရက အသုံးစရိတ်ကို မြှင့်တင်လိုက်တာဟာ တိုင်းပြည်ရဲ့ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးသည် AD2 ကနေ AD1 ညာဘက်ဆီကို ရွေ့သွားပါတယ်။ တကယ်လို့ အစိုးရက $5 ဘီလီယံကို ပညာရေး၊ ကျန်းမာရေး၊ လမ်း စတာတွေမှာ အသုံးစရိတ် တိုးလိုက်တယ် ဆိုပါစို့။ ဒီ $5 ဘီလီယံ ဖိုး အစိုးရအသုံးစရိတ်သည် AD2 နဲ့ dash မျဉ်းကွေး အစိမ်းရောင်ကြားက အကွာအဝေးကို ကိုယ်စားပြုပါတယ်။ အခုဆိုရင် အစိုးရက အသုံးစရိတ်ကို မတိုးခင်တုံးက ဝယ်လိုအားထက် ဈေးနှုန်းအဆင့် တိုင်းမှာ ရှိတဲ့ကုန်ထွက် ဝယ်လိုအား ပမာဏဟာ $5 ဘီလီယံ ပိုများသွားပါပြီ။ ကနဦးတိုးတက်တဲ့ AD2 နဲ့ dash မျဉ်းကွေး အစိမ်းရောင်ကြား အကွာအဝေး တိုးတက်မှုဟာ အပြီးသတ် တိုးတက်မှု မဟုတ်သေးပါဘူး။ Multiplier effect ကြောင့် စုစုပေါင်းဝယ်လိုအားဟာ နဂိုတိုးတဲ့ $5 ဘီလီယံ အသုံးစရိတ်ထက် ကျော်လွန် ပြီး AD1 အထိ ရွေ့သွားပါတယ်။ ဆပွားတိုးတက်တဲ့ ဖြစ်စဉ်က အသုံးစရိတ်မှာ ကနဦး ပြောင်းလဲမှုမှ စားသုံးမှုအသစ်တွေ ဆက်တိုက်ဖြစ်ပေါ်မှုကို တိုးချဲ့ ပေးလိုက်လို့ ဝယ်လိုအားက AD1 အထိ ရောက်သွား တာပါ။
စုစုပေါင်း ဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၁ မှာ ရှင်းပြထားတဲ့အတိုင်းဘဲ တိုင်းပြည်ရဲ့ နောက်ထပ် စားသုံးဖို့ အလားအလာ Marginal Propensity to Consume က 0.75 ဖြစ်တယ် ဆိုရင် Multiplier က 4 ဖြစ်ပါတယ်။ ဒါကြောင့် စုစုပေါင်း ဝယ်လိုအားမျဉ်းကွေးဟာ ကနဦး အသုံးစရိတ် တိုးတက်မှု ဖြစ်သော AD2 နဲ့ dash မျဉ်းကွေး အစိမ်းရောင်ကြားက အကွာအဝေးရဲ့ ၄ ဆ ညာဘက်ကို တိုးသွားတာ ဘဲ ဖြစ်ပါတယ်။ ဒီလို စုစုပေါင်း ဝယ်လိုအားမှာ တိုးတက်မှုဟာ စုစုပေါင်း ရောင်းလိုအားမျဉ်း ဖြစ်တဲ့ ကန့်လန့်ဖြတ် dash မျဉ်း ဖြောင့် အနီရောင် တစ်လျှောက်မှာ တိုးတာ ဖြစ်ပါတယ်။ ဒါကြောင့် အမှန်ကုန် ထွက်ဟာ multiplier ရဲ့ အပြည့်အဝ ပမာဏအတိုင်း တိုးတက်သွားတာပါ။ အမှန်ကုန်ထွက်ဟာ $490 ဘီလီယံကနေ $510 ဘီလီယံအထိ တက်သွားပါတယ်။ ဒီတော့ recession မဖြစ်ခင်က တည်ရှိခဲ့တဲ့ လုပ်သားအင်အား အပြည့်အဝ full-employment level အဆင့်အထိ လုပ်ငန်းများက တိုးချဲ့ကြတဲ့အတွက် အလုပ်လက်မဲ့ ကလဲ ကျဆင်းသွားပါတော့တယ်။
အစိုးရက စုစုပေါင်း ဝယ်လိုအားကို AD2 ကနေ AD1 ဆီကို ရွေ့စေရန်အတွက် အခွန်ကို လျှော့ချ နိုင်ပါတယ်။ အစိုးရက ဝင်ငွေခွန်ကို $6.67 ဘီလီယံ လျှော့ချလိုက်တယ် ဆိုပါစို့။ ဒီလို လျှော့ချ လိုက်တာဟာ စားသုံးသူတွေရဲ့ အသားတင်ဝင်ငွေကလဲ တူညီသော ပမာဏနဲ့ တက်လာပါတယ်။ ဒီ $6.67 ဘီလီယံကို MPC 0.75 နဲ့ မြှောက်လိုက်တဲ့အခါ $5 ဘီလီယံ ရပါတယ်။ အဲဒီ $5 ဘီလီယံ ဟာ တိုးတက် လာတဲ့ စားသုံးမှု ပမာဏဘဲ ဖြစ်ပါတယ်။ $6.67 ဘီလီယံကို Marginal Propensity to Save (MPS) 0.25 နဲ့ မြှောက်လိုက်တဲ့အခါမှာ ရတဲ့ $1.67 ဘီလီယံကတော့ တိုးတက်လာတဲ့ စုဆောင်းမှု ပမာဏဘဲ ဖြစ်ပါ တယ်။
ဒီတစ်ခါမှာလဲ AD2 နဲ့ dash မျဉ်း အစိမ်းရောင်ကြားက အကွာအဝေးဟာ စားသုံးမှု အသုံးစရိတ်မှာ $5 ဘီလီယံ ကနဦး တိုးလာတာကို ကိုယ်စားပြုတယ်။ ဆပွားအကျိုးသက်ရောက်မှုကြောင့် စားသုံးမှု အသုံး စရိတ်က ဆက်တိုက် တိုးတက်မှု ဖြစ်လာတယ်။ နောက်ဆုံးမှာ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးဟာ စားသုံးမှုမှာ ကနဦး တိုးတက်မှု $5 ဘီလီယံရဲ့ ၄ ဆ ညာဘက်ကို တိုးသွားပါတယ်။ စုစုပေါင်း တိုင်းပြည် ကုန်ထွက် GDP ဟာလဲ $490 ဘီလီယံ ကနေ $510 ဘီလီယံ သို့ $20 ဘီလီယံ တက်သွားပါတယ်။ အလုပ်လက်မဲ့လဲ ကျဆင်းသွားပါတယ်။
တစ်ခု သတိပြုစရာရှိတာက စုစုပေါင်း ဝယ်လိုအားမျဉ်းကွေးကို တူညီသောပမာဏ ညာဘက်ကို တိုးတက်သွားစေဖို့ အခွန်ကို လျှော့ချတဲ့ပမာဏဟာ အစိုးရအသုံးစရိတ်တိုးမြှင့်မှု ပမာဏထက် အတန်အသင့်တော့ ပိုများရတာပါဘဲ။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် အခွန်လျှော့ချမှုရဲ့ တစ်စိတ်တစ်ပိုင်းဟာ စားသုံးမှု အပြင် စုဆောင်းမှုကိုပါ တိုးတက်စေလို့ပါ။ ကနဦး စားသုံးမှုကို တိကျတဲ့ပမာဏ တိုးတက်စေဖို့ရာ အစိုးရက အခွန်ကို အဲဒီ ပမာဏထက် ပိုပြီး လျှော့ချပစ်ရပါတယ်။ ဒီတော့ MPC က 0.75 ရှိတဲ့အခါ ကနဦးစားသုံးမှု $5 ဘီလီယံနဲ့ စုဆောင်းမှု $1.67 အတွက် အခွန်အတုပ်ကို $6.67 ဘီလီယံ လျှော့ချပစ်ရပါတယ်။
တကယ်လို့ MPC က 0.6 ဖြစ်မယ်ဆိုရင် ကနဦး စားသုံးမှု $5 ဘီလီယံ တိုးစေဖို့ လိုအပ်တဲ့ အခွန်အတုပ် လျှော့ချမှုကတော့ $8.33 ဘီလီယံ ဖြစ်ပါတယ်။
MPC က ငယ်လေလေ သတ်မှတ်ထားတဲ့ ကနဦး စားသုံးမှု တိုးတက်ခြင်း ပမာဏနဲ့ စုစုပေါင်း ဝယ်လိုအား တိုးတက်မှု ပမာဏကို ရရှိစေရန် အတွက် အခွန်အတုပ်ကို လျှော့ချရမှုက ကြီးလေလေ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဝယ်ယူစားသုံးဖို့ အလားအလာ နည်းနေရင် အစိုးရက အခွန်အတုပ်ကို ပိုပြီး လျှော့ချပေးရတာကို ဆိုလိုတာပါ။
အစိုးရက အသုံးစရိတ်တိုးတာနဲ့ အခွန်အတုပ်လျှော့ချတာကို ရောနှောပြီး လိုချင်တဲ့ ကနဦး စားသုံးမှု တိုးခြင်းနဲ့ အပြီးသတ် စုစုပေါင်း ဝယ်လိုအား တိုးတက်မှု ကို ရရှိအောင် လုပ်နိုင်ပါသေးတယ်။ အစိုးရက အသုံးစရိတ်ကို $1.25 ဘီလီယံ တိုးအောင်လုပ်ပြီး အခွန်အတုပ်ကို $5 ဘီလီယံ လျှော့ချနိုင်ပါတယ်။ ရည်မှန်းထားတဲ့ တိုးတက်မှုရအောင် ဒီ နည်းလမ်း ၂ ခု ရောနှောပြီး ဘယ်လို လုပ်သလဲ ကို ကြည့်ကြရအောင်နော်။
ကိုယ်လိုချင်တာက ကနဦး အသုံးစရိတ် $5 ဘီလီယံ တိုးတာနဲ့ ဆပွားအကျိုးသက်ရောက်မှုကြောင့် အပြီးသတ် စုစုပေါင်း ဝယ်လိုအား $20 ဘီလီယံ တိုးတာကို လိုချင်တာပါ။ အခု စားသုံးမှုမှာ ကနဦး တိုးလိုက်တာက $1.25 ဘီလီယံ ဖြစ်လို့ multiplier 4 နဲ့ မြှောက်လိုက်တဲ့အခါ GDP မှာ $5 ဘီလီယံ တက်လာပါတယ်။ ဒီတော့ ကနဦး အသုံးစရိတ် တိုးတက်မှု $5 ဘီလီယံ ပြည့်ရန် $3.75 ဘီလီယံ ကျန်သေးတာပေါ့နော်။ ဒီလိုသေးတဲ့ ကနဦး အသုံးစရိတ်တိုးတက်မှု ရအောင် အခွန်ကို ဘယ်လောက် လျှော့ချရမလဲ ဆိုတာကို တွက်ရမယ်။
အခွန်ကို $5 ဘီလီယံ လျှော့ချရင် ကနဦး အသုံးစရိတ်က $3.75 ဘီလီယံ တိုးပါမယ်။
ဒီတော့ ကနဦး အသုံးစရိတ် တိုးတက်မှုက $1.25 billion + $3.75 billion = $5 billion ။
အပြီးသတ် စုစုပေါင်းဝယ်လိုအား တိုးတက်မှုက $5 billion x 4 = $20 billion ။
ဒီတော့ တိုင်းပြည်မှာ စီးပွားရေးကျဆင်းနေတဲ့ recession ဖြစ်နေပြီဆိုရင် အစိုးရအသုံးစရိတ် တိုးတာနဲ့ အခွန်လျှော့ချတာ ၂ မျိုးရောပြီးတော့လဲ စုစုပေါင်းဝယ်လိုအားကို တိုးတက်အောင်လုပ်လို့ စီးပွားရေးကို ဦးမော့အောင် ပြန်လုပ်နိုင်ပါတယ်။
နောက်ဆောင်းပါးမှာ တိုင်းပြည်မှာ ဝယ်လိုအားဆွဲအားကြောင့်ဖြစ်တဲ့ ငွေဖောင်းပွမှု ဖြစ်တဲ့အခါ contractionary fiscal policy စီးပွားရေးကို ချုံ့ပစ်တဲ့ ဘဏ္ဍာရေးမူဝါဒ ကို သုံးပြီး ဘယ်လို ဆောင်ရွက်သလဲ ဆိုတာကို ရေးပါမယ်။
ဖြူ ဖြူ

အစိုးရရဲ့ အသုံးစရိတ်ကို တိုးချဲ့ခြင်း

အခွန်အတုပ်လျှော့ချခြင်း

MPC = Change in consumption / Change in income
0.75 = Change in consumption / $6.67 billion
Change in consumption = 0.75 x $6.67 billion
Change in consumption = $5 billion
တကယ်လို့ MPC က 0.6 ဖြစ်မယ်ဆိုရင် ကနဦး စားသုံးမှု $5 ဘီလီယံ တိုးစေဖို့ လိုအပ်တဲ့ အခွန်အတုပ် လျှော့ချမှုကတော့ $8.33 ဘီလီယံ ဖြစ်ပါတယ်။
Change in income = Change in consumption / MPC
Change in income = $5 billion / 0.6
Change in income = $8.33 billion
MPC က ငယ်လေလေ သတ်မှတ်ထားတဲ့ ကနဦး စားသုံးမှု တိုးတက်ခြင်း ပမာဏနဲ့ စုစုပေါင်း ဝယ်လိုအား တိုးတက်မှု ပမာဏကို ရရှိစေရန် အတွက် အခွန်အတုပ်ကို လျှော့ချရမှုက ကြီးလေလေ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဝယ်ယူစားသုံးဖို့ အလားအလာ နည်းနေရင် အစိုးရက အခွန်အတုပ်ကို ပိုပြီး လျှော့ချပေးရတာကို ဆိုလိုတာပါ။
အသုံးစရိတ်တိုးမြှင့်မှုနှင့် အခွန်လျှော့ချမှုကို ရောနှောကျင့်သုံးခြင်း
အစိုးရက အသုံးစရိတ်တိုးတာနဲ့ အခွန်အတုပ်လျှော့ချတာကို ရောနှောပြီး လိုချင်တဲ့ ကနဦး စားသုံးမှု တိုးခြင်းနဲ့ အပြီးသတ် စုစုပေါင်း ဝယ်လိုအား တိုးတက်မှု ကို ရရှိအောင် လုပ်နိုင်ပါသေးတယ်။ အစိုးရက အသုံးစရိတ်ကို $1.25 ဘီလီယံ တိုးအောင်လုပ်ပြီး အခွန်အတုပ်ကို $5 ဘီလီယံ လျှော့ချနိုင်ပါတယ်။ ရည်မှန်းထားတဲ့ တိုးတက်မှုရအောင် ဒီ နည်းလမ်း ၂ ခု ရောနှောပြီး ဘယ်လို လုပ်သလဲ ကို ကြည့်ကြရအောင်နော်။
Change in GDP = multiplier x initial change in spending
Change in GDP = 4 x $1.25 billion
Change in GDP = $5 billion
ကိုယ်လိုချင်တာက ကနဦး အသုံးစရိတ် $5 ဘီလီယံ တိုးတာနဲ့ ဆပွားအကျိုးသက်ရောက်မှုကြောင့် အပြီးသတ် စုစုပေါင်း ဝယ်လိုအား $20 ဘီလီယံ တိုးတာကို လိုချင်တာပါ။ အခု စားသုံးမှုမှာ ကနဦး တိုးလိုက်တာက $1.25 ဘီလီယံ ဖြစ်လို့ multiplier 4 နဲ့ မြှောက်လိုက်တဲ့အခါ GDP မှာ $5 ဘီလီယံ တက်လာပါတယ်။ ဒီတော့ ကနဦး အသုံးစရိတ် တိုးတက်မှု $5 ဘီလီယံ ပြည့်ရန် $3.75 ဘီလီယံ ကျန်သေးတာပေါ့နော်။ ဒီလိုသေးတဲ့ ကနဦး အသုံးစရိတ်တိုးတက်မှု ရအောင် အခွန်ကို ဘယ်လောက် လျှော့ချရမလဲ ဆိုတာကို တွက်ရမယ်။
MPC = Change in consumption / Change in income
Change in income = Change in consumption / MPC
Change in income = Change in consumption / MPC
Change in income = $3.75 billion / 0.75
Change in income = $5 billion
အခွန်ကို $5 ဘီလီယံ လျှော့ချရင် ကနဦး အသုံးစရိတ်က $3.75 ဘီလီယံ တိုးပါမယ်။
ဒီတော့ ကနဦး အသုံးစရိတ် တိုးတက်မှုက $1.25 billion + $3.75 billion = $5 billion ။
အပြီးသတ် စုစုပေါင်းဝယ်လိုအား တိုးတက်မှုက $5 billion x 4 = $20 billion ။
ဒီတော့ တိုင်းပြည်မှာ စီးပွားရေးကျဆင်းနေတဲ့ recession ဖြစ်နေပြီဆိုရင် အစိုးရအသုံးစရိတ် တိုးတာနဲ့ အခွန်လျှော့ချတာ ၂ မျိုးရောပြီးတော့လဲ စုစုပေါင်းဝယ်လိုအားကို တိုးတက်အောင်လုပ်လို့ စီးပွားရေးကို ဦးမော့အောင် ပြန်လုပ်နိုင်ပါတယ်။
နောက်ဆောင်းပါးမှာ တိုင်းပြည်မှာ ဝယ်လိုအားဆွဲအားကြောင့်ဖြစ်တဲ့ ငွေဖောင်းပွမှု ဖြစ်တဲ့အခါ contractionary fiscal policy စီးပွားရေးကို ချုံ့ပစ်တဲ့ ဘဏ္ဍာရေးမူဝါဒ ကို သုံးပြီး ဘယ်လို ဆောင်ရွက်သလဲ ဆိုတာကို ရေးပါမယ်။
McConnell. Brue Flynn တို့ ရေးသားသော eighteenth edition. "Economics: Principles, Problems, and Policies" မှ ကိုးကား ဘာသာပြန်ပါသည်။
ဖြူ ဖြူ
Thanks a million...
ReplyDeleteအားပေးတာကို ကျေးဇူးတင်ပါတယ် ..
Deletegood and excellent article
ReplyDeleteenhance our knowledge
ReplyDeleteHi Fu!
DeleteThanks.. Thanks.. Thanks .. Hee Hee ..