စုစုပေါင်းရောင်းလိုအား
စုစုပေါင်း ရောင်းလိုအား ဆိုတာကတော့ ဈေးနှုန်းအဆင့်နဲ့ တိုင်းပြည်က ထုတ်လုပ်လိုက်တဲ့ အမှန် ပြည်တွင်း ထုတ်ကုန် ပမာဏကြားက ဆက်စပ်မှုကို ပြတဲ့ မျဉ်းကွေး သို့မဟုတ် ဇယားဘဲ ဖြစ်ပါတယ်။ ဒီဆက်စပ်မှုကတော့ အချိန်အတိုင်းအတာ နဲ့ ထွက်ကုန် ဈေးနှုန်းနဲ့ သွင်းကုန် ဈေးနှုန်းတွေ ဘယ်လောက် ထိ မြန်မြန် ပြောင်းလဲသလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်။
အချိန်အတိုင်းအတာကို ၃ မျိုးခွဲခြားနိုင်ပါတယ် -
- သွင်းကုန်ဈေးနှုန်းရော ထုတ်ကုန်ဈေးနှုန်းပါ ပုံသေဖြစ်နေတဲ့ ချက်ခြင်းလက်ငင်း ကာလတို immediate short run
- သွင်းကုန်ဈေးနှုန်း ပုံသေဖြစ်ပြီး ထုတ်ကုန်ဈေးနှုန်း ပြောင်းလဲတဲ့ ကာလတို short run
- သွင်းကုန် ဈေးနှုန်းရော ထုတ်ကုန်ဈေးနှုန်းပါ ပြောင်းလဲတဲ့ ကာလရှည် long run တို့ဘဲ ဖြစ်ပါတယ်။
သွင်းကုန်ဈေးနှုန်းက ထုတ်ကုန်ဈေးနှုန်းထက် ပိုပြီး ပုံသေဖြစ် တင်းကြပ်တဲ့အတွက် ဈေးနှုန်းနဲ့ စုစုပေါင်း ထုတ်ကုန်ကြားက ဆက်နွယ်မှုတွေဟာ အချိန်အပိုင်းအခြားတစ်ခုစီအတွက် မတူကွဲပြားနေပါတယ်။ အချိန်တွေ ကြာမြင့်လာတာနဲ့ အမျှ ဈေးနှုန်း ၂ ခုစလုံးက ပြောင်းလဲလာစဉ်မှာဘဲ ထုတ်ကုန်ဈေးနှုန်းကတော့ ထုံးစံအတိုင်း ပိုပြီး မြန်မြန် ညှိနှိုင်း ပြောင်းလဲမှု ဖြစ်ပါတယ်။
Immediate Short Run မှာရှိတဲ့ စုစုပေါင်းရောင်းလိုအား
ချက်ခြင်းလက်ငင်း ကာလတိုသည် ရက်အနည်းငယ်ကနေ လအနည်းငယ်ထိ ကြာတတ်ပါတယ်။ တနည်း ပြောရရင် သွင်းကုန်နဲ့ ထုတ်ကုန် ဈေးနှုန်း ၂ ခုစလုံး ပုံသေဖြစ်နေသ၍ ကာလပတ်လုံးပေါ့။ သွင်းကုန် ဈေးနှုန်းတွေ ဖြစ်တဲ့ လုပ်ခ၊ လစာတွေဟာ အချိန်ကာလ တစ်ခုအထိ labor contract အရ ပုံသေ ဖြစ်နေပါတယ်။ ရလာဒ်အနေနဲ့ ထုတ်ကုန်ဈေးနှုန်းတွေထက် သွင်းကုန်ဈေးနှုန်း တွေက ပိုပြီး ကာလ ကြာကြာ ပုံသေဖြစ်လေ့ရှိပါတယ်။
လုပ်ငန်းတွေက သူတို့ရဲ့ customers အတွက် ထုတ်ကုန်ဈေးနှုန်းကို ကာလတိုတစ်ခုလေးအတွင်းမှာ ပုံသေ ထားပေးထားပါတယ်။ ဥပမာအားဖြင့် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်သူ တစ်ယောက်ဟာ ရေခဲသေတ္တာ၊ မီးဖို၊ အာဗင်၊ မိုက်ခရိုဝေ့ဖ် စတာတွေ အတွက် ဈေးနှုန်းတွေကို သတ်မှတ်လိုက်တာနဲ့ တပြိုင်နက် အဲဒီဈေးနှုန်းမှာ ဝယ်ယူလိုသော customer များသည် ဖြစ်စေ၊ နည်းသည်ဖြစ်စေ ရောင်းချရမှာဘဲ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီ ပုံသေ ဈေးနှုန်းမှာ ဝယ်ချင်တဲ့ customer ဘယ်လောက်ပဲ များများ immediate-short-run-aggregate supply curve AS ISR သည် ကန့်လန့်ဖြတ်မျဉ်း ဖြစ်သွားပါတယ်။
Aggregate supply in the immediate short run |
ချက်ခြင်းလက်ငင်း ကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေး AS ISR သည် ဈေးနှုန်းအဆင့် P1 မှာ ကန့်လန့်ဖြတ် ဖြစ်နေပါတယ်။ ဒီကန့်လန့်ဖြတ်မျဉ်းပုံစံက တိုင်းပြည်မှာရှိတဲ့ စုစုပေါင်းကုန်ထွက် ရောင်းလို အား ပမာဏသည် ဈေးနှုန်းအဆင့် P1 မှာ ရှိတဲ့ သုံးစွဲမှု ပမာဏပေါ်မှာ တိုက်ရိုက်မှီခို နေတာကို ဆိုလိုပါ တယ်။ ဈေးနှုန်းအဆင့် P1 မှာ စုစုပေါင်း သုံးစွဲမှုက နိမ့်တယ်ဆိုရင် လုပ်ငန်းတွေက အဲဒီ နိမ့်ကျတဲ့သုံးစွဲမှုနဲ့ ကိုက်ညီအောင် ပမာဏနည်းနည်းကိုဘဲ ရောင်းမယ်။ ဈေးနှုန်းအဆင့် P1 မှာ စုစုပေါင်း သုံးစွဲမှုက မြင့်မားတယ်ဆိုရင် မြင့်မားတဲ့သုံးစွဲမှုနဲ့ ကိုက်ညီအောင် လုပ်ငန်းတွေကလဲ ကုန်ထွက်ပမာဏ များများကို ရောင်းမယ်။ ရောင်းချတဲ့ ကုန်ထွက်ပမာဏ ကတော့ တိုင်းပြည်ရဲ့ full-employment level Qf ထက် များရင်လဲ များမယ်။ နည်းရင်လဲ နည်းမယ်။
သတိပြုရမှာက ထုတ်ကုန်ဈေးနှုန်းတွေ ပုံသေဖြစ်နေသ၍ လုပ်ငန်းတွေက စုစုပေါင်း သုံးစွဲမှု အနည်းအများ ပြောင်းလဲတာကို လိုက်တုံ့ပြန် ကြမှာ ဖြစ်တယ်။ နည်းနည်းလိုရင် နည်းနည်းရောင်း၊ များများလိုရင် များများ ရောင်းတာပေါ့။
Short Run မှာရှိတဲ့ စုစုပေါင်းရောင်းလိုအား
လုပ်ငန်းတွေက သူတို့ရဲ့ ထုတ်ကုန် ဈေးနှုန်းတွေကို မြန်မြန် ပြောင်းလဲနိုင် စွမ်းရှိတာနဲ့အမျှ စုစုပေါင်းသုံးစွဲမှု အနည်းအများ ပြောင်းလဲတာကို ထုတ်ကုန် အနည်းအများ ရောင်းချပြီး တုံ့ပြန်နိုင်ရုံတင်မက ဈေးနှုန်း အနိမ့်အမြင့် နဲ့လဲ တုံ့ပြန်နိုင်ပါတယ်။ ချက်ခြင်းလက်ငင်း ကာလတို ကုန်ဆုံးတာနဲ့ ကာလတိုက စတင်ပါ တယ်။ ကာလတို short run ဆိုတာ အဲဒီအချိန်ကာလ အတွင်းမှာ ထုတ်ကုန်ဈေးနှုန်းတွေက ပြောင်းလဲ မယ်။ ဒါပေမဲ့ သွင်းကုန်ဈေးနှုန်းတွေကတော့ ပုံသေ သို့မဟုတ် ပြောင်းလဲဖို့ခက်ခဲတာ ဖြစ်မယ်။ ထုတ်ကုန်၊ သွင်းကုန် ဈေးနှုန်းတွေနဲ့ ပတ်သက်တဲ့ ယူဆချက်တွေကတော့ ယေဘုယျ ယူဆထားတာ ဖြစ်ပါတယ်။ တကယ်တမ်းမှာ တချို့သော သွင်းကုန်ဈေးနှုန်းတွေကတော့ ပိုပြီး ပြောင်းလဲလွယ်တတ်ပါတယ်။ ဥပမာ အားဖြင့် ဓာတ်ဆီ ဈေးနှုန်းတွေဟာ အတက်အကျ ဖြစ်တတ်လွန်းလို့ ဓာတ်ဆီကို သွင်းကုန် အဖြစ် အသုံးပြုတဲ့ ချောထုတ်၊ ပစ္စည်းထုတ်တွေ လိုက်လံ ပို့ဆောင်တဲ့လုပ်ငန်းမျိုးမှာ သွင်းကုန် ဓာတ်ဆီဈေးနှုန်း က အပြောင်းအလဲ ဖြစ်မယ်။ ဒါပေမဲ့ လစာလိုမျိုးကျတော့ ၅ နှစ် အလုပ်သမား ကန်ထရိုက်စာချုပ်နဲ့ သတ်မှတ် ထားတယ်။ လစာဆိုတာ လုပ်ငန်းရဲ့ အကြီးမားဆုံး သွင်းကုန် ကုန်ကျစရိတ် ဖြစ်တယ်။ သွင်းကုန်တစ်ခု ဖြစ်တဲ့ ဓာတ်ဆီရဲ့ ဈေးနှုန်းက အပြောင်းအလဲ ဖြစ်ပေမဲ့ နောက် ပမာဏအကြီးမားဆုံး သွင်းကုန် ဈေးနှုန်းဖြစ်တဲ့ လစာကတော့ ကာလတို တစ်ခုမှာ ပုံသေဖြစ်နေလို့ ခြုံပြောရရင် ဒီချောထုတ် ပစ္စည်း လိုက်ဝေတဲ့ လုပ်ငန်းရဲ့ သွင်းကုန်ဈေးနှုန်းတွေဟာ နှစ်အနည်းငယ်ကြာ ပြောင်းလဲဖို့ ခက်ခဲတယ်လို့ ယူဆရမယ်။ ဒါကြောင့် ဒီလုပ်ငန်းရဲ့ ကာလတိုဆိုတာဟာ သူ့ရဲ့ ထုတ်ကုန်ဈေးနှုန်းဖြစ်တဲ့ ပစ္စည်းပို့ဆောင်ခ shipping prices တွေကို ပြောင်းလဲနိုင်ပြီး သွင်းကုန်ဈေးနှုန်း အများစုကတော့ မပြောင်းလဲနိုင်တဲ့ကာလ ဖြစ်တယ်။ အဲဒီကာလဟာ အတော်လေး ရှည်လျားတယ်လို့ ပြောနိုင်တယ်။
အခု တိုင်းပြည်တစ်ခုလုံး အတွက် ကာလတို စုစုပေါင်း ရောင်းလိုအား ကို စဉ်းစားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာလတိုဆိုတာကို ထုတ်ကုန် ဈေးနှုန်း ပြောင်းလဲမယ် .. သို့သော် သွင်းကုန် ဈေးနှုန်းက ပုံသေ သို့မဟုတ် ပုံသေနီးပါး ဖြစ်နေတဲ့ ကာလအပိုင်းအခြားကို ကာလတိုလို့ သတ်မှတ်ပါတယ်။
ကာလတိုမှာ တိုင်းပြည်စီးပွားရေး ချဲ့ထွင်တဲ့အခါ ကျဆင်းနေတဲ့ efficiency ကြောင့် တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်က ယေဘုယျအားဖြင့် တက်လာပါတယ်။ သို့သော်လည်း တက်လာတဲ့ စရိတ်ပမာဏသည် တိုင်းပြည်ဟာ သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းအားအရ ဘယ်နားလောက်မှာ လည်ပတ်နေသလဲပေါ် မူတည်ပါတယ်။ တိုင်းပြည်က full-employment ထုတ်ကုန်ထက် နိမ့်ပြီး ထုတ်လုပ်နေတဲ့အခါ အသုံးမပြုတဲ့ စက်ကိရိယာ တန်ဆာပလာတွေ အများကြီးနဲ့ အလုပ်မရှိတဲ့ အလုပ်သမားတွေ အများကြီး ရှိလာတယ်။ အဲဒီတော့ လုပ်ငန်းတွေက တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို နည်းနည်း တင်လိုက်ပြီး ဒီအလကားဖြစ်နေတဲ့လူသားနဲ့ အရင်းအနှီးပစ္စည်း အရင်းအမြစ်တွေကို အလုပ်ထဲပို့ပြီး ထုတ်ကုန်ကို တိုးချဲ့နိုင်ပါတယ်။ ထုတ်ကုန်ကို တိုးချဲ့လိုက်တဲ့အခါ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တက်စေသော အကြောင်းရင်းတွေ ဖြစ်တဲ့ သွင်းကုန်တွေ ပြတ်လတ်တာ သို့မဟုတ် ထုတ်ကုန်က သိပ်များပြားနေ တာ ပေါ်ပေါက်မယ်ဆိုရင်တောင် နည်းနည်းပဲ ဖြစ်ပါမယ်။ ဒါကြောင့် full-employment ထုတ်ကုန် အဆင့် Qf အောက်နိမ့်တဲ့ ထုတ်ကုန်အဆင့်မှာ ကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေးရဲ့ လျှောစောက်သည် ခပ်ဖြေးဖြေးဘဲ တက်ပါတယ်။
တဖက်ကကြည့်ပြန်ရင်လဲ တိုင်းပြည်က Qf ထက်အလွန်မှာ ထုတ်လုပ်မှုကို လည်ပတ်နေရင် ရရှိနိုင်သမျှသော သွင်းအားစု အရင်းအမြစ်တွေ အများစုကို အသုံးပြုပြီး ဖြစ်နေတယ်။ ပုံသေအရေအတွက် ရှိနှင့်ပြီးသား စက်ပစ္စည်း ကိရိယာတွေကဲ့သို့ အရင်းအနှီး သွင်းအားစု ရင်းမြစ်ကို မြင့်မြင့်မားမားသုံးတဲ့ လုပ်ငန်းထဲသို့ အလုပ်သမားတွေ ထပ်ထည့်ပေါင်းလိုက်တာဟာ အလုပ်မှာ သိပ်ပြီး ပြွတ်ခဲသွားတယ်။ အလုပ်သမားတွေရဲ့ efficiency က ပျမ်းမျှ အားဖြင့် ကျလာပါတယ်။ အဲလိုဘဲ ရှိနှင့်ပြီးသား ကန့်သတ်အရေအတွက် နဲ့ အလုပ်သမားတွေထဲကို အရင်းအနှီး အရင်းအမြစ်တွေ ထပ်ဖြည့်လိုက်ရင် စက်ကိရိယာတွေက အသုံးမလို အလကားဖြစ်ပြီး အရင်းအနှီးရဲ့ efficiency ကကျလာပါတယ်။ အရင်းအနှီးနဲ့ လုပ်သားတွေ မြင့်မြင့်မားမားသုံးတဲ့ လုပ်ငန်းထဲကို မြေယာ သွင်းအားစု အရင်းအမြစ်တွေ ထပ်ဖြည့်လိုက်ရင် မြေယာရဲ့ efficiency ကကျလာပြန်တယ်။ ဒီအခြေအနေတွေမှာ စုစုပေါင်း သွင်းအားစု စရိတ်က စုစုပေါင်း ထုတ်ကုန်ထက် ပိုပြီး မြန်မြန် တက်လာတယ်။ ဒီတော့ ထုတ်ကုန်အဆင့်က Qf ထက် ကျော်လွန်နေရင် တစ်ယူနစ် ထုတ်လုပ်မှု စရိတ်က မြင့်မားပြီး ကာလတို စုစုပေါင်း ရောင်းလိုအား မျဉ်းကွေးရဲ့ လျှောက်စောက်သည် မြန်မြန်တက်သွားပါတယ်။
ကာလရှည်ဆိုတာကတော့ သွင်းကုန် ဈေးနှုန်းရော၊ ထုတ်ကုန်ဈေးနှုန်းပါ ပြောင်းလဲလာတဲ့ ကာလအပိုင်း အခြားကို ခေါ်ပါတယ်။ ကာလတိုကုန်တာနဲ့ ကာလရှည်က စတင်ပါတယ်။ လုပ်ငန်း အမျိုးအစားကို မူတည် ပြီး နှစ်တော်တော်များများ ကြာတတ်ပါတယ်။ တိုင်းပြည်တစ်ခုလုံးအနေနဲ့ ကြည့်ရင် လစာတွေ အပါအဝင် ထုတ်ကုန်နဲ့ သွင်းကုန် အားလုံးရဲ့ ဈေးနှုန်းတွေ အပြည့်အဝ flexible ဖြစ်တဲ့ ကာလတစ်လျှောက်လုံး ဖြစ်ပါတယ်။
ပုံမှာ ပြထားတဲ့အတိုင်း ကာလရှည် စုစုပေါင်း ဝယ်လိုအားမျဉ်းကွေး ASLR ဟာ တိုင်းပြည်ရဲ့ full-employment ထုတ်ကုန်အဆင့်Qf မှာ ဒေါင်လိုက် မျဉ်းမတ် ဖြစ်နေပါတယ်။ ဒေါင်လိုက်မျဉ်းမတ်ဟာ ဘာကိုဆိုလိုသလဲဆိုရင် ကာလရှည်မှာ တိုင်းပြည်သည် ဘယ်ဈေးနှုန်း အဆင့်မှာမဆို full-employment ထုတ်ကုန် Qf ကို ထုတ်လုပ်တာကို ဆိုလိုပါတယ်။ မြင့်တဲ့ဈေးနှုန်းက လုပ်ငန်းတွေကို ဘာလို့ ကုန်ထွက်ကို တိုးမထုတ်စေတာလဲ လို့ မေးစရာဖြစ်ပါတယ်။ ဒါကို ဖြေဖို့အတွက် ကာလရှည်မှာ သွင်းကုန် ဈေးနှုန်းရော၊ ထုတ်ကုန်ဈေးနှုန်းရော ပြောင်းလဲလွယ်တဲ့အခါ လုပ်ငန်းတွေအနေနဲ့ တိကျမှန်ကန်တဲ့ အမြတ်မက်လုံးကို ရဖို့အတွက် full-employment ထုတ်ကုန်အဆင့် Qf ကို အတိအကျ ထုတ်လုပ်ဖို့ အမြတ်အဆင့်က အမြဲတမ်း ညှိနှိုင်းပေးတယ်ဆိုတဲ့အချက်မှာ တည်ပါတယ်။
ဒါကို သက်သေပြဖို့အတွက် ကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေးကို ပြန်ကြည့်ပါမယ်။ ကနဦးမှာ တိုင်းပြည်က သူ့မှာရှိသမျှသော သယံဇာတ သွင်းအားစု ရင်းမြစ်တွေ အားလုံးကို အသုံးပြုပြီး ထုတ်ကုန် အဆင့် Qf ကို ထုတ်လုပ်နေတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ဈေးနှုန်းအဆင့်ကလဲ ဆနှုန်းကိန်းတန်ဖိုး ၁၀၀ ရှိတယ် ဆိုပါစို့။ နောက်တော့ ဈေးနှုန်းက ၂ဆ ဖြစ်မယ်ဆိုရင် price index က ၂၀၀ ဖြစ်သွားမယ်။ အပေါ်မှာ ယူဆခဲ့တာက တိုင်းပြည်မှာ လုပ်ငန်းတစ်ခုသာရှိပြီး လည်ပတ်နေတဲ့အတွက် ဒီလို ဈေး ၂ဆ တက်သွားတာဟာ ကာလတိုမှာ အမြတ်ကိုလဲ တိုးစေပြီး လုပ်ငန်းကို အမြတ်တွေ ထပ်ရအောင် ထုတ်ကုန်တွေ တိုးထုတ်ဖို့ စေ့ဆော်ပေးတယ်လို့ ပြောခဲ့တယ်။
သို့သော် ဒါက ကာလတိုမှာ သွင်းကုန်ဈေးနှုန်းတွေ ပုံသေဖြစ်တယ်ဆိုတဲ့ အချက်ပေါ် မူတည်နေတာ။ အခု ကာလရှည်မှာ သွင်းကုန်ဈေးနှုန်းတွေက လွတ်လပ်စွာ ပြောင်းလဲကြပြီ။ လုပ်ငန်းတွေ အနေနဲ့ စက်ရုံတွေ၊ လုပ်ငန်းဆောင်ရွက်မှုတွေအားလုံးကို အမြင့်တကာ့ အမြင့်ဆုံးနှုန်းနဲ့ လည်ပတ်ခြင်းဖြင့် full-employment ထုတ်ကုန်အဆင့်ထက် ကျော်လွန်ပြီး ထုတ်လုပ်နိုင်ပါတယ်။ ဒီလိုထုတ်လုပ်တာဟာ တိုင်းပြည်ရဲ့ အကန့်အသတ်ရှိတဲ့ သယံဇာတသွင်းအားစု ပမာဏအတွက် ဝယ်လိုအားများစွာကို ဖန်တီး လိုက်တာဖြစ်ပါတယ်။ အထူးအားဖြင့် အလုပ်သမားတွေကို အရမ်းကို လိုအပ်ပြီး ဝယ်လိုအားတက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ full employment ထက်ကျော်လွန် ထုတ်လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အလုပ်သမားတွေ အချိန်ပို လုပ်ရတာပါဘဲ။
အချိန်တွေကြာမြင့်လာလို့ သွင်းကုန်ဈေးနှုန်းတွေ လွတ်လပ်စွာ ပြောင်းလဲတဲ့အခါ ဒီလို ဝယ်လိုအား မြင့်တာဟာ သွင်းကုန်ဈေးနှုန်းတွေကို စတင် တက်စေပါတယ်။ စီးပွားရေး အဆောက်အအုံက full-employment ထုတ်ကုန်အဆင့်ထက် ကျော်လွန်ပြီး ထုတ်လုပ်တဲ့အခါ ပေါ်ပေါက်လာတဲ့ အလုပ်သမား ပြတ်လပ်မှုကို ဖြေရှင်းနိုင်ဖို့ ခက်ခဲလာတဲ့အတွက် အချိန်ပိုဆင်း လုပ်ပေးတဲ့ အလုပ်သမားတွေက လုပ်ခလစာတွေ ပိုတောင်းသလို ပိုလဲရလာပါတယ်။ လုပ်ခလစာလို သွင်းအားစု ဈေးနှုန်းတွေ တက်လာတော့ လုပ်ငန်းရဲ့ အမြတ်က ကျဆင်းလာပါတယ်။ အမြတ်ကကျလာတော့ လုပ်ငန်းတွေက Qf ထက်ပိုပြီး ထုတ်လာကြပြန်ပါတယ်။ ဒီလို သွင်းကုန် သွင်းအားစု ဈေးနှုန်းတွေတက်ပြီး အမြတ်ကကျလာတဲ့ ဖြစ်စဉ်ဟာ ဘယ်အထိ ဆက်သွားသလဲဆိုရင် သွင်းအားစုဈေးနှုန်း တက်တာသည် ထုတ်ကုန်ဈေးနှုန်း ကနဦးပြောင်းလဲမှုနဲ့ ကွက်တိဆင်တူတဲ့အထိ ဆက်တိုက် ဖြစ်သွားပါတယ်။ (အထက်က ဥပမာမှာ ထုတ်ကုန်ဈေးနှုန်း ၂ဆ တက်သွားတယ်။ သွင်းကုန်ဈေးနှုန်းကလဲ ၂ဆ လိုက်တက်မယ်)။
ထုတ်ကုန်ဈေးနှုန်း ၂ ဆတက်လို့ စုစုပေါင်းရငွေ = K 200
သွင်းကုန်ဈေးနှုန်း ၂ ဆတက်လို့ စုစုပေါင်းစရိတ် = K 160
အမြတ်ငွေ = K 200 - K 160 = K 40
အမြတ်အမှန်တန်ဘိုး = K 40 x 100/200 = K 20
ဒီလို ဖြစ်ပြီဆိုရင်တော့ လုပ်ငန်းရဲ့ အမြတ်ဟာ real terms နဲ့ကြည့်မယ်ဆိုရင် နဂိုအဆင့်ကိုဘဲ ပြန်ရောက်သွားပါတယ်။ အဲဒီတော့ လုပ်ငန်းတွေအနေနဲ့ full-employment ထုတ်ကုန်အဆင့်ကို အတိအကျ ထုတ်လုပ်ဖို့ ပြန်ပြီး တွန်းအားပေးခံရပြန်ပါတယ်။ ဒီညှိနှိုင်းမှု ဖြစ်စဉ်ကတော့ ကာလရှည်မှာ ဈေးနှုန်း ဘယ်လောက်ဘဲ ဖြစ်ဖြစ် တိုင်းပြည်သည် full employment ထုတ်ကုန် အဆင့်ကိုဘဲ ထုတ်လုပ် မှာကို ဆိုလိုပါတယ်။ ဒါကြောင့် ကာလရှည် စုစုပေါင်း ရောင်းလိုအား မျဉ်းကွေး ASLR သည် ဒေါင်လိုက် မျဉ်းမတ် ဖြစ်သွားတာပါ။ သွင်းအားစုဈေးနှုန်းသည် ထုတ်ကုန်ဈေးနှုန်း ပြောင်းလဲမှုနဲ့ အတိအကျတူညီဖို့ လိုက်ညှိတာနဲ့ တစ်ပြိုင်နက် ဒေါင်လိုက်ဝင်ရိုးပေါ်မှာ ရှိတဲ့ ဈေးနှုန်းအဆင့်တိုင်းမှာ ကာလရှည်မှာ စီးပွားရေး အဆောက်အအုံသည် full-employment ထုတ်ကုန်အဆင့်ကို ထုတ်လုပ်ပါတယ်။
ချက်ခြင်းလက်ငင်းကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေး၊ ကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေး နဲ့ ကာလရှည် စုစုပေါင်းရောင်းလိုအား မျဉ်းကွေး အားလုံးဟာအရေးကြီးပါတယ်။ မျဉ်းကွေးတစ်ခုစီသည် သွင်းကုန်နဲ့ ထုတ်ကုန်ဈေးနှုန်းများ ပြောင်းလဲနိုင်မှုနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ယူဆချက်များနဲ့ တိုက်ဆိုင်ကိုက်ညီတဲ့ အခြေအနေ အသီးသီးအတွက် သင့်တော်ဆီလျော်ပါတယ်။
စုစုပေါင်းဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၃ မှာ စုစုပေါင်းရောင်းလိုအားမျဉ်းကွေး အထက်အောက် ရွေ့လျားတာကို ဖော်ပြပါမည်။ အခုတော့ နားပါဦးမည်။
အခု တိုင်းပြည်တစ်ခုလုံး အတွက် ကာလတို စုစုပေါင်း ရောင်းလိုအား ကို စဉ်းစားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာလတိုဆိုတာကို ထုတ်ကုန် ဈေးနှုန်း ပြောင်းလဲမယ် .. သို့သော် သွင်းကုန် ဈေးနှုန်းက ပုံသေ သို့မဟုတ် ပုံသေနီးပါး ဖြစ်နေတဲ့ ကာလအပိုင်းအခြားကို ကာလတိုလို့ သတ်မှတ်ပါတယ်။
The short run aggregate supply curve |
ကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေးရဲ့ လျှောစောက်ဟာ upward ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သွင်းကုန်ဈေးနှုန်း ပုံသေဖြစ်နေချိန်မှာ ထုတ်ကုန်ဈေးနှုန်း အပြောင်းအလဲဟာ လုပ်ငန်းရဲ့ အမြတ်ကို မြင့်စေ၊ နိမ့်စေပါတယ်။ ဥပမာအနေနဲ့ တိုင်းပြည်မှာ ကုန်စည်မျိုးစုံ ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုဘဲ ရှိတယ် လို့ ယူဆလိုက်မယ်။ လုပ်ငန်းပိုင်ရှင်တွေက တိုင်းပြည်မှာ full employment ၁၀၀ ယူနစ် ထုတ်လုပ်ဖို့ အမြတ် ၂၀ ကျပ်ရမှ ဖြစ်မယ်။ သွင်းကုန်က အလုပ်သမား ၁၀ ယောက်ဌားတယ်။ တစ်ယူနစ်ကို ၈ ကျပ် ပေးရတယ်။ အဲဒီတော့ စုစုပေါင်း လစာစရိတ်က ၈၀ ကျပ်။ ထွက်ကုန် ၁၀၀ ယူနစ် မှာ တစ်ယူနစ်ကို ၁ ကျပ်နဲ့ ရောင်းမယ်ဆိုရင် စုစုပေါင်း ရငွေက ၁၀၀ ကျပ်ဖြစ်တယ်။ အမြတ်က ၂၀ ကျပ် (K100 - K80) ဖြစ်တယ်။ ဒါကြောင့် price index က ၁၀၀ ဖြစ်တဲ့အတွက် အမှန်အမြတ် real profit ကလဲ ၂၀ ကျပ် (K20 x 100/100) ဘဲ ဖြစ်တယ်။ အဆင်ပြေတယ်။ ဒါကြောင့် full-employment output ကို ထုတ်မယ်။
နောက်တစ်ခါ ထုတ်ကုန်ဈေးနှုန်းကို ၂ဆ လုပ်လိုက်မယ်။ ဒါဆို စုစုပေါင်းရငွေက ၂၀၀ ကျပ် ဖြစ်မယ်။ ဒါပေမဲ့ short run မှာ သွင်းကုန်ဈေးနှုန်းက မပြောင်းလဲတဲ့အတွက် အမြတ်က ၂၀ ကျပ်ကနေ ၁၂၀ ကျပ် (K200 - K80) ကို တက်သွားပါတယ်။ price index အသစ်က ၂၀၀ ဖြစ်ပြီး real profit ကတော့ ၆၀ ကျပ် (K 120 x 100/200) ဖြစ်ပါတယ်။ အမှန်အမြတ် ၂၀ ကျပ်ကနေ ၆၀ ကျပ်သို့ တက်သွားတာဟာ တိုင်းပြည် အနေနဲ့ ထုတ်ကုန်တွေကို ပိုတိုးပြီး ထုတ်လုပ်စေပါတယ်။ ပြောင်းပြန်အနေနဲ့ ထုတ်ကုန်ဈေးနှုန်း တွေ ကျရင် အမှန်အမြတ်ကို ကျဆင်းစေပြီး ထုတ်ကုန်တွေကို လျှော့ထုတ်ပါတယ်။ ဒါကြောင့် ကာလတို short run မှာ ဈေးနှုန်းအဆင့်နဲ့ အမှန်ထုတ်ကုန်တို့ အကြား တိုက်ရိုက် သို့မဟုတ် အပေါင်းလက္ခဏာ ဆက်စပ်မှု ရှိပါတယ်။ ဈေးနှုန်းအဆင့်တက်လာရင် real output တွေတက်မယ်။ ဈေးနှုန်းအဆင့်ကျရင် real output တွေကျဆင်းပါမယ်။ ဒါကြောင့် ကာလတို စုစုပေါင်း ရောင်းလိုအား မျဉ်းကွေး သည် အထက်ကိုတက်နေတဲ့ ပုံစံ upward-sloping short-run aggregate supply curve ဖြစ်ပါတယ်။
ဘယ်ကုန်ထွက် အဆင့်မှာမဆိုရှိတဲ့ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ထုတ်ကုန်ရဲ့ ဈေးနှုန်းအဆင့် ကို သတ်မှတ်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းအဆင့်ဟာ အမြတ်ပါ အပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ အားလုံးကို ကာမိရမှာကြောင့်ဘဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လျှောစောက် slope ကတော့ ပုံသေ မဟုတ်ပါဘူး။ ထုတ်ကုန်ကို ထုတ်လုပ်တာဟာ full employment level Qf ကို မရောက်ခင်မှာ မျဉ်းကွေးက ခပ်ပြေပြေ ဖြစ်ပြီး Qf ကို ကျော်သွားတဲ့အခါ ပိုပြီး မတ်စောက်သွားပါတယ်။ ဒါဟာ တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ်သည် ကာလတို စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးမှာ အရေးကြီးတယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးလိုက်တာပါဘဲ။ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အောက်ပါအတိုင်း တွက်ပါတယ်။
ကာလတိုမှာ တိုင်းပြည်စီးပွားရေး ချဲ့ထွင်တဲ့အခါ ကျဆင်းနေတဲ့ efficiency ကြောင့် တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်က ယေဘုယျအားဖြင့် တက်လာပါတယ်။ သို့သော်လည်း တက်လာတဲ့ စရိတ်ပမာဏသည် တိုင်းပြည်ဟာ သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းအားအရ ဘယ်နားလောက်မှာ လည်ပတ်နေသလဲပေါ် မူတည်ပါတယ်။ တိုင်းပြည်က full-employment ထုတ်ကုန်ထက် နိမ့်ပြီး ထုတ်လုပ်နေတဲ့အခါ အသုံးမပြုတဲ့ စက်ကိရိယာ တန်ဆာပလာတွေ အများကြီးနဲ့ အလုပ်မရှိတဲ့ အလုပ်သမားတွေ အများကြီး ရှိလာတယ်။ အဲဒီတော့ လုပ်ငန်းတွေက တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို နည်းနည်း တင်လိုက်ပြီး ဒီအလကားဖြစ်နေတဲ့လူသားနဲ့ အရင်းအနှီးပစ္စည်း အရင်းအမြစ်တွေကို အလုပ်ထဲပို့ပြီး ထုတ်ကုန်ကို တိုးချဲ့နိုင်ပါတယ်။ ထုတ်ကုန်ကို တိုးချဲ့လိုက်တဲ့အခါ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တက်စေသော အကြောင်းရင်းတွေ ဖြစ်တဲ့ သွင်းကုန်တွေ ပြတ်လတ်တာ သို့မဟုတ် ထုတ်ကုန်က သိပ်များပြားနေ တာ ပေါ်ပေါက်မယ်ဆိုရင်တောင် နည်းနည်းပဲ ဖြစ်ပါမယ်။ ဒါကြောင့် full-employment ထုတ်ကုန် အဆင့် Qf အောက်နိမ့်တဲ့ ထုတ်ကုန်အဆင့်မှာ ကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေးရဲ့ လျှောစောက်သည် ခပ်ဖြေးဖြေးဘဲ တက်ပါတယ်။
တဖက်ကကြည့်ပြန်ရင်လဲ တိုင်းပြည်က Qf ထက်အလွန်မှာ ထုတ်လုပ်မှုကို လည်ပတ်နေရင် ရရှိနိုင်သမျှသော သွင်းအားစု အရင်းအမြစ်တွေ အများစုကို အသုံးပြုပြီး ဖြစ်နေတယ်။ ပုံသေအရေအတွက် ရှိနှင့်ပြီးသား စက်ပစ္စည်း ကိရိယာတွေကဲ့သို့ အရင်းအနှီး သွင်းအားစု ရင်းမြစ်ကို မြင့်မြင့်မားမားသုံးတဲ့ လုပ်ငန်းထဲသို့ အလုပ်သမားတွေ ထပ်ထည့်ပေါင်းလိုက်တာဟာ အလုပ်မှာ သိပ်ပြီး ပြွတ်ခဲသွားတယ်။ အလုပ်သမားတွေရဲ့ efficiency က ပျမ်းမျှ အားဖြင့် ကျလာပါတယ်။ အဲလိုဘဲ ရှိနှင့်ပြီးသား ကန့်သတ်အရေအတွက် နဲ့ အလုပ်သမားတွေထဲကို အရင်းအနှီး အရင်းအမြစ်တွေ ထပ်ဖြည့်လိုက်ရင် စက်ကိရိယာတွေက အသုံးမလို အလကားဖြစ်ပြီး အရင်းအနှီးရဲ့ efficiency ကကျလာပါတယ်။ အရင်းအနှီးနဲ့ လုပ်သားတွေ မြင့်မြင့်မားမားသုံးတဲ့ လုပ်ငန်းထဲကို မြေယာ သွင်းအားစု အရင်းအမြစ်တွေ ထပ်ဖြည့်လိုက်ရင် မြေယာရဲ့ efficiency ကကျလာပြန်တယ်။ ဒီအခြေအနေတွေမှာ စုစုပေါင်း သွင်းအားစု စရိတ်က စုစုပေါင်း ထုတ်ကုန်ထက် ပိုပြီး မြန်မြန် တက်လာတယ်။ ဒီတော့ ထုတ်ကုန်အဆင့်က Qf ထက် ကျော်လွန်နေရင် တစ်ယူနစ် ထုတ်လုပ်မှု စရိတ်က မြင့်မားပြီး ကာလတို စုစုပေါင်း ရောင်းလိုအား မျဉ်းကွေးရဲ့ လျှောက်စောက်သည် မြန်မြန်တက်သွားပါတယ်။
Long Run မှာရှိတဲ့ စုစုပေါင်းရောင်းလိုအား
ကာလရှည်ဆိုတာကတော့ သွင်းကုန် ဈေးနှုန်းရော၊ ထုတ်ကုန်ဈေးနှုန်းပါ ပြောင်းလဲလာတဲ့ ကာလအပိုင်း အခြားကို ခေါ်ပါတယ်။ ကာလတိုကုန်တာနဲ့ ကာလရှည်က စတင်ပါတယ်။ လုပ်ငန်း အမျိုးအစားကို မူတည် ပြီး နှစ်တော်တော်များများ ကြာတတ်ပါတယ်။ တိုင်းပြည်တစ်ခုလုံးအနေနဲ့ ကြည့်ရင် လစာတွေ အပါအဝင် ထုတ်ကုန်နဲ့ သွင်းကုန် အားလုံးရဲ့ ဈေးနှုန်းတွေ အပြည့်အဝ flexible ဖြစ်တဲ့ ကာလတစ်လျှောက်လုံး ဖြစ်ပါတယ်။
Aggregate supply in the long run |
ဒါကို သက်သေပြဖို့အတွက် ကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေးကို ပြန်ကြည့်ပါမယ်။ ကနဦးမှာ တိုင်းပြည်က သူ့မှာရှိသမျှသော သယံဇာတ သွင်းအားစု ရင်းမြစ်တွေ အားလုံးကို အသုံးပြုပြီး ထုတ်ကုန် အဆင့် Qf ကို ထုတ်လုပ်နေတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ဈေးနှုန်းအဆင့်ကလဲ ဆနှုန်းကိန်းတန်ဖိုး ၁၀၀ ရှိတယ် ဆိုပါစို့။ နောက်တော့ ဈေးနှုန်းက ၂ဆ ဖြစ်မယ်ဆိုရင် price index က ၂၀၀ ဖြစ်သွားမယ်။ အပေါ်မှာ ယူဆခဲ့တာက တိုင်းပြည်မှာ လုပ်ငန်းတစ်ခုသာရှိပြီး လည်ပတ်နေတဲ့အတွက် ဒီလို ဈေး ၂ဆ တက်သွားတာဟာ ကာလတိုမှာ အမြတ်ကိုလဲ တိုးစေပြီး လုပ်ငန်းကို အမြတ်တွေ ထပ်ရအောင် ထုတ်ကုန်တွေ တိုးထုတ်ဖို့ စေ့ဆော်ပေးတယ်လို့ ပြောခဲ့တယ်။
သို့သော် ဒါက ကာလတိုမှာ သွင်းကုန်ဈေးနှုန်းတွေ ပုံသေဖြစ်တယ်ဆိုတဲ့ အချက်ပေါ် မူတည်နေတာ။ အခု ကာလရှည်မှာ သွင်းကုန်ဈေးနှုန်းတွေက လွတ်လပ်စွာ ပြောင်းလဲကြပြီ။ လုပ်ငန်းတွေ အနေနဲ့ စက်ရုံတွေ၊ လုပ်ငန်းဆောင်ရွက်မှုတွေအားလုံးကို အမြင့်တကာ့ အမြင့်ဆုံးနှုန်းနဲ့ လည်ပတ်ခြင်းဖြင့် full-employment ထုတ်ကုန်အဆင့်ထက် ကျော်လွန်ပြီး ထုတ်လုပ်နိုင်ပါတယ်။ ဒီလိုထုတ်လုပ်တာဟာ တိုင်းပြည်ရဲ့ အကန့်အသတ်ရှိတဲ့ သယံဇာတသွင်းအားစု ပမာဏအတွက် ဝယ်လိုအားများစွာကို ဖန်တီး လိုက်တာဖြစ်ပါတယ်။ အထူးအားဖြင့် အလုပ်သမားတွေကို အရမ်းကို လိုအပ်ပြီး ဝယ်လိုအားတက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ full employment ထက်ကျော်လွန် ထုတ်လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အလုပ်သမားတွေ အချိန်ပို လုပ်ရတာပါဘဲ။
အချိန်တွေကြာမြင့်လာလို့ သွင်းကုန်ဈေးနှုန်းတွေ လွတ်လပ်စွာ ပြောင်းလဲတဲ့အခါ ဒီလို ဝယ်လိုအား မြင့်တာဟာ သွင်းကုန်ဈေးနှုန်းတွေကို စတင် တက်စေပါတယ်။ စီးပွားရေး အဆောက်အအုံက full-employment ထုတ်ကုန်အဆင့်ထက် ကျော်လွန်ပြီး ထုတ်လုပ်တဲ့အခါ ပေါ်ပေါက်လာတဲ့ အလုပ်သမား ပြတ်လပ်မှုကို ဖြေရှင်းနိုင်ဖို့ ခက်ခဲလာတဲ့အတွက် အချိန်ပိုဆင်း လုပ်ပေးတဲ့ အလုပ်သမားတွေက လုပ်ခလစာတွေ ပိုတောင်းသလို ပိုလဲရလာပါတယ်။ လုပ်ခလစာလို သွင်းအားစု ဈေးနှုန်းတွေ တက်လာတော့ လုပ်ငန်းရဲ့ အမြတ်က ကျဆင်းလာပါတယ်။ အမြတ်ကကျလာတော့ လုပ်ငန်းတွေက Qf ထက်ပိုပြီး ထုတ်လာကြပြန်ပါတယ်။ ဒီလို သွင်းကုန် သွင်းအားစု ဈေးနှုန်းတွေတက်ပြီး အမြတ်ကကျလာတဲ့ ဖြစ်စဉ်ဟာ ဘယ်အထိ ဆက်သွားသလဲဆိုရင် သွင်းအားစုဈေးနှုန်း တက်တာသည် ထုတ်ကုန်ဈေးနှုန်း ကနဦးပြောင်းလဲမှုနဲ့ ကွက်တိဆင်တူတဲ့အထိ ဆက်တိုက် ဖြစ်သွားပါတယ်။ (အထက်က ဥပမာမှာ ထုတ်ကုန်ဈေးနှုန်း ၂ဆ တက်သွားတယ်။ သွင်းကုန်ဈေးနှုန်းကလဲ ၂ဆ လိုက်တက်မယ်)။
ထုတ်ကုန်ဈေးနှုန်း ၂ ဆတက်လို့ စုစုပေါင်းရငွေ = K 200
သွင်းကုန်ဈေးနှုန်း ၂ ဆတက်လို့ စုစုပေါင်းစရိတ် = K 160
အမြတ်ငွေ = K 200 - K 160 = K 40
အမြတ်အမှန်တန်ဘိုး = K 40 x 100/200 = K 20
ဒီလို ဖြစ်ပြီဆိုရင်တော့ လုပ်ငန်းရဲ့ အမြတ်ဟာ real terms နဲ့ကြည့်မယ်ဆိုရင် နဂိုအဆင့်ကိုဘဲ ပြန်ရောက်သွားပါတယ်။ အဲဒီတော့ လုပ်ငန်းတွေအနေနဲ့ full-employment ထုတ်ကုန်အဆင့်ကို အတိအကျ ထုတ်လုပ်ဖို့ ပြန်ပြီး တွန်းအားပေးခံရပြန်ပါတယ်။ ဒီညှိနှိုင်းမှု ဖြစ်စဉ်ကတော့ ကာလရှည်မှာ ဈေးနှုန်း ဘယ်လောက်ဘဲ ဖြစ်ဖြစ် တိုင်းပြည်သည် full employment ထုတ်ကုန် အဆင့်ကိုဘဲ ထုတ်လုပ် မှာကို ဆိုလိုပါတယ်။ ဒါကြောင့် ကာလရှည် စုစုပေါင်း ရောင်းလိုအား မျဉ်းကွေး ASLR သည် ဒေါင်လိုက် မျဉ်းမတ် ဖြစ်သွားတာပါ။ သွင်းအားစုဈေးနှုန်းသည် ထုတ်ကုန်ဈေးနှုန်း ပြောင်းလဲမှုနဲ့ အတိအကျတူညီဖို့ လိုက်ညှိတာနဲ့ တစ်ပြိုင်နက် ဒေါင်လိုက်ဝင်ရိုးပေါ်မှာ ရှိတဲ့ ဈေးနှုန်းအဆင့်တိုင်းမှာ ကာလရှည်မှာ စီးပွားရေး အဆောက်အအုံသည် full-employment ထုတ်ကုန်အဆင့်ကို ထုတ်လုပ်ပါတယ်။
ချက်ခြင်းလက်ငင်းကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေး၊ ကာလတို စုစုပေါင်းရောင်းလိုအား မျဉ်းကွေး နဲ့ ကာလရှည် စုစုပေါင်းရောင်းလိုအား မျဉ်းကွေး အားလုံးဟာအရေးကြီးပါတယ်။ မျဉ်းကွေးတစ်ခုစီသည် သွင်းကုန်နဲ့ ထုတ်ကုန်ဈေးနှုန်းများ ပြောင်းလဲနိုင်မှုနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ယူဆချက်များနဲ့ တိုက်ဆိုင်ကိုက်ညီတဲ့ အခြေအနေ အသီးသီးအတွက် သင့်တော်ဆီလျော်ပါတယ်။
စုစုပေါင်းဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၃ မှာ စုစုပေါင်းရောင်းလိုအားမျဉ်းကွေး အထက်အောက် ရွေ့လျားတာကို ဖော်ပြပါမည်။ အခုတော့ နားပါဦးမည်။
McConnell. Brue Flynn တို့ ရေးသားသော eighteenth edition. "Economics: Principles, Problems, and Policies" မှ ကိုးကား ဘာသာပြန်ပါသည်။
ဖြူ ဖြူ
No comments:
Post a Comment